ရခိုင်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ဝင်ရောက်ဖြေဆိုရန်ပျက်ကွက်သူ ၃ ထောင်ကျော်ရှိ

ရခိုင်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ဝင်ရောက်ဖြေဆိုရန်ပျက်ကွက်သူ ၃ ထောင်ကျော်ရှိ

ရခိုင်ပြည်နယ်လုံးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲပထမနေ့၌ဝင်ရောက်ဖြေဆိုရန်ပျက်ကွက်သူ ၃ ထောင်ကျော်ရှိသည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ဖြေဆိုရန်စာရင်းပေးထားသူ ၄၅,၆၀၀ ဦးရှိပြီး ထိုအထဲမှ ၄၁,၇၅၃ ဦးသာဖြေဆိုခဲ့ပြီး ၃,၈၄၇ ဦး ဝင်ရောက်ဖြေဆိုရန် ပျက်ကွက်ခဲ့သည်ဟု ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က ပြောသည်။

ရခိုင်တစ်ပြည်လုံး ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၁ ဒသမ ၅၆ ရာခိုင်နှုန်းရှိပြီး ပျက်ကွက်ရာခိုင်နှုန်းမှာ ၈ ဒသမ ၄၄ ရာခိုင်နှုန်းရှိကြောင်း ဆက်ပြောသည်။

စစ်တွေမြို့၊ အထက ၁ စာစစ်ဌာနမှ စာမေးပွဲပထမနေ့ဖြေဆိုခဲ့သည့်ကျောင်းသူတစ်ဦးက "မေးခွန်းတွေကတော့ လွယ်ပါတယ်။ ဖြေရတာ အဆင်ပြေတယ်" ဟု ပြောသည်။

ကိုဗစ်ကြောင့် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကိုပိတ်ထားခဲ့ရာမှ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁ ရက်မှစတင်ကာ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ခဲ့သည်ဟု သိရသည်။

ကျောင်းသူ၊ ကျောင်းသားများသည် စာသင်ချိန်ကာလ ၆ လခန့်သာရရှိခဲ့ပြီး ပြဋ္ဌာန်းစာအုပ်ပါ သင်ခန်းစာများကိုလည်း လျှော့ပေါ့သင်ကြားခဲ့ရသည်ဟု သိရသည်။

ယင်းကြောင့် စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများအခက်တွေ့မည်ကို စိုးရိမ်နေကြကြောင်း ကျောင်းသားမိဘများက ပြောသည်။

ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့ မတ်လ ၃၁ ရက် နံနက် ၉ နာရီမှစ၍ လာမည့် ဧပြီလ ၉ ရက်အထိ ကျင်းပနေခြင်းဖြစ်သည်။

ရခိုင်တွင် စာစစ်ဌာန ၁၂၈ ခုရှိပြီး လုံခြုံရေးအခြေအနေကြောင့် စာစစ်ဌာန ၂ဝ ကို မြို့ပေါ်သို့ ပြောင်းရွှေ့ဖြေဆိုနေရသည်ဟု သိရသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...