မြန်မာတစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ယနေ့စတင်ဖြေဆို

မြန်မာတစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ယနေ့စတင်ဖြေဆို

မြန်မာတစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ယနေ့စတင်ဖြေဆိုနေပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင်လည်း စာစစ်ဌာန ၁၂၈ ခုတွင် ယနေ့ မတ်လ ၃၁ ရက် နံနက် ၉ နာရီမှစ၍ စတင်ဖြေဆိုနေကြပြီဖြစ်သည်။

ရခိုင်ပြည်နယ်မှ ဖြေဆိုရန်စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၄၅,၅၉၂ ဦးရှိပြီး ထိုအထဲတွင် မသန်စွမ်းဦးရေ ၆ ဦးနှင့် ဆေးရုံတွင်ဖြေဆိုမည့်သူ ၁ ဦးပါကြောင်းလည်း သိရသည်။

လုံခြုံရေးအခြေအနေကြောင့် ရခိုင်မှ စာစစ်ဌာန ၂ဝ ကို မြို့ပေါ်သို့ ပြောင်းရွှေ့ဖြေဆိုနေရသည်ဟု သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့မှစတင်ကာ လာမည့်ဧပြီလ ၉ ရက်အထိ ဖြေဆိုရမည်ဖြစ်သည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...