မောင်တောတွင် ကျပ်သိန်းပေါင်း ၂ သောင်းကျော်တန်ဖိုးရှိ WY စိတ်ကြွဆေးပြားများကို လူ ၆ ဦးနှင့်အတူ ဖမ်းမိ

မောင်တောတွင် ကျပ်သိန်းပေါင်း ၂ သောင်းကျော်တန်ဖိုးရှိ WY စိတ်ကြွဆေးပြားများကို လူ ၆ ဦးနှင့်အတူ ဖမ်းမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ကျပ်သိန်းပေါင်း ၂ သောင်းကျော်တန်ဖိုးရှိ WY/R စာတမ်းပါ စိတ်ကြွဆေးပြားများကို လူ ၆ ဦးနှင့်အတူ ဖမ်းမိခဲ့သည်ဟု သိရသည်။

ကျပ်သိန်းပေါင်း ၂ သောင်းကျော်တန်ဖိုးရှိ WY/R စာတမ်းပါ စိတ်ကြွဆေးပြားပေါင်း ၉၇၅,ဝဝဝ ပြားကို မောင်တောမြို့နယ်၊ သရေကုန်ဘောင်ကျေးရွာတွင် မတ်လ ၂၈ ရက် နေ့လယ်က ပူးပေါင်းအဖွဲ့များက သတင်းအရသွားရောက်ရှာဖွေစဉ် ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု မောင်တောမူးယစ်ရဲတပ်ဖွဲ့မှ ရဲမှူးမြင့်သောင်းက နိရဥ္စရာကို အတည်ပြုပြောသည်။

"အဲ့ဒါတွေဖမ်းတာက နယ်ခြားစောင့်စခန်းက ပြင်ဖြူစခန်းက ဖမ်းတာဟုတ်ပါတယ်"ဟု ပြောသည်။

သရေကုန်ဘောင်ကျေးရွာမှ ဦးစံသိန်း(၅၃ နှစ်)၏နေအိမ်အား ဝင်ရောက်ရှာဖွေစဉ် ယင်းနေအိမ်ခြံဝင်းအတွင်း နေရာအနှံ့သိုဝှက်သိမ်းဆည်းထားရာမှ ရှာဖွေတွေ့ရှိဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး နေအိမ်ပိုင်ရှင်မှာ လွတ်မြောက်နေသည်ဟု သိရသည်။

ယင်းသို့ဖမ်းဆီးစဉ် မူးယစ်ဆေးဝါးများ လက်ဝယ်ထားဖြန့်ဖြူးရာတွင် ပါဝင်သည်ဟုဆိုသူ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၅ ဦးကိုလည်း နေအိမ်အတွင်းမှ ဖမ်းမိခဲ့သည်ဟု သိရသည်။

၄င်း ၆ ဦးတွင် နေအိမ်ပိုင်ရှင် ဦးစံသိန်း၏ဇနီး ဒေါ်တင်ကြည် (၄၉ နှစ်)အပါအဝင် စစ်တွေ၊ ရသေ့တောင်နှင့် မောင်တောမြို့နယ်တို့မှ ပါဝင်သည်ဟု သိရသည်။

လက်ရှိတွင် မူးယစ်ဆေးဝါးများနှင့်အတူဖမ်းမိသူ ၆ ဦးနှင့် ဦးစံသိန်းတို့ကို မောင်တောမြို့နယ် ပြင်ဖြူ နယ်မြေစခန်းက မယ(ပ)၄/၂၀၂၂ ၊ မူး/စိတ် ပုဒ်မ ၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...