ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏ ဒုတိယအကြိမ်ညီလာခံကို ၃ ရက်တိုင်တိုင် ကျင်းပနေ

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏ ဒုတိယအကြိမ်ညီလာခံကို ၃ ရက်တိုင်တိုင် ကျင်းပနေ

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏ ဒုတိယအကြိမ်ညီလာခံကို ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ၃ ရက်တိုင်တိုင် ကျင်းပနေသည်ဟု သိရသည်။

အဆိုပါညီလာခံကို မြေပုံမြို့နယ်၊ သရက်တောင်စံပြကျေးရွာဘုန်းတော်ကြီးကျောင်းတွင် မတ်လ ၂၈ ရက်မှ ၃၀ ရက်အထိ ကျင်းပနေခြင်းဖြစ်သည်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ အတွင်းရေးမှူး ဦးထွန်းတင်က "ဒီညီလာခံလုပ်တာက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ တောင်သူလယ်သမားအကျိုးကို ဘယ်လိုထိထိရောက်ရောက်လုပ်နိုင်မလဲ။ လယ်သမားတွေရဲ့ လက်ရှိရင်ဆိုင်နေရတဲ့အခက်ခဲတွေကို ဘယ်လိုထိထိရောက်ရောက်ဖြေရှင်းပေးနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး လုပ်ဖြစ်တာပါ"ဟု နိရဥ္စရာကို ပြောသည်။

အဆိုပါညီလာခံသို့ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ မြို့နယ်ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် စိတ်ပါဝင်စားသူများ စုုစုပေါင်း အင်အား ၂ဝဝ ခန့် တက်ရောက်ပြီး တောင်သူလယ်သမားများ၏ အခက်အခဲများနှင့် စိန်ခေါ်မှုများကို ဆွေးနွေးနေကြသည်ဟု တက်ရောက်နေသူများက ပြောသည်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏ မြောက်ဦးမြို့နယ် ဥက္ကဋ္ဌ ဦးစိုးနိုင်က “အဓိကတော့ တောင်သူလယ်သမားဘဝဖွံ့ဖြိုးတိုးတက်ဖို့ လယ်သမားတွေရဲ့အခက်ခဲတွေ၊ အကျိုးစီးပွားတွေကိုမြှင့်တင်ဖို့ ဆွေးနွေးနေကြပါတယ်။ မြို့နယ်တွေမှာ လှုပ်ရှားမှုတွေ၊ ပြဿနာတွေ၊ အခက်ခဲတွေကို ဘယ်လိုဖြေရှင်းရမလဲ။ စိန်ခေါ်မှုတွေက ဘာတွေရှိလဲ။ ဖွံ့ဖြိုးတိုးတက်ဖို့က ဘာတွေလုပ်ဆောင်သင့်လဲဆိုတာကို ဆွေးနွေးနေကြပါတယ်"ဟု ပြောသည်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏ပထမအကြိမ်ညီလာခံကို စစ်တွေမြို့တွင် ၂ဝ၁၈ ခုနှစ်၊ သြဂုတ်လအတွင်း ပြုလုပ်ခဲ့သည်ဟု သိရသည်။

၃ နှစ်တစ်ကြိမ်ကျင်းပရမည်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြီးခဲ့သည့်နှစ်က ကျင်းပနိုင်ခြင်းမရှိခဲ့ဟု သိရသည်။

အဆိုပါသမဂ္ဂကို ရခိုင်ရှိ လယ်သမားများ၏အခက်အခဲများကို ကူညီဖြေရှင်းဆောင်ရွက်ပေးရန်ရည်ရွယ်၍ ၂ဝ၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...