ပြည်တွင်းလေကြောင်းခရီးသည်များကို ဧပြီ ၁ ရက်မှစတင်ကာ မှတ်ပုံတင်တစ်ခုတည်းဖြင့်သာ သွားလာခွင့်ပြုတော့မည်

ပြည်တွင်းလေကြောင်းခရီးသည်များကို ဧပြီ ၁ ရက်မှစတင်ကာ မှတ်ပုံတင်တစ်ခုတည်းဖြင့်သာ သွားလာခွင့်ပြုတော့မည်

ပြည်တွင်းလေကြောင်းခရီးသည်များကို လာမည့်ဧပြီ ၁ ရက်မှစတင်ကာ မှတ်ပုံတင်တစ်ခုတည်းဖြင့်သာ သွားလာခွင့်ပြုတော့မည်ဟု လေကြောင်းလိုင်းများက မတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဧပြီလ ၁ ရက် နံနက် ၆ နာရီမှစ၍ ပြည်တွင်းလေကြောင်းလိုင်းများဖြင့် ခရီးသွားလာကြမည့် မြန်မာနိုင်ငံသားခရီးသည်များသည် နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသနိုင်မှသာ ခရီးစဉ်တွင်လိုက်ပါနိုင်မည်ဟု မြန်မာအမျိုးသားလေကြောင်း၏လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ မတ်လ ၂၃ ရက် နေ့လယ်ပိုင်းတွင် ထုတ်ပြန်ထားသည်။

အလားတူ Air KBZ ၏ လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ညနေကထုတ်ပြန်ထားရာ၌ ဧပြီလ ၁ ရက်နေ့မှစတင်၍ ပြည်တွင်းလေကြောင်းလိုင်းများဖြင့် ခရီးသွားလာကြမည့် (အသက် ၁၆ နှစ်နှင့်အထက်) မြန်မာနိုင်ငံသားခရီးသည်များအနေဖြင့် လေဆိပ်ကောင်တာနှင့် စစ်ဆေးရေးဂိတ်များတွင် နိုင်ငံသားကတ် (မှတ်ပုံတင်) မူရင်းကို ပြသနိုင်မှသာ လိုက်ပါစီးနင်းနိုင်မည်ဟု ဖော်ပြထားသည်။

ယခင်က လေကြောင်းခရီးသည်များအနေဖြင့် မှတ်ပုံတင်အစား ယာဉ်မောင်းလိုင်စင်နှင့် ဝန်ထမ်းကတ်စသည်တို့ကို ပြသစီးနင်းနိုင်ခဲ့ကြောင်း သိရသည်။

ဧပြီလ ၁ ရက် နံနက် ၆ နာရီမှစ၍ ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင်လည်းကောင်း၊ တည်းခိုနေထိုင်ရာနေရာများတွင်လည်းကောင်း၊ နိုင်ငံသားကတ်(မှတ်ပုံတင်)ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင်လည်းကောင်း တရားဝင်ထုတ်ပေးထားသော နိုင်ငံသားကတ်(မှတ်ပုံတင်)ဖြင့်သာ အစစ်ဆေးခံရမည်ဖြစ်ပြီး ထောက်ခံစာဖြင့် ခရီးသွားလာခြင်းနှင့် အစစ်ဆေးခံခြင်းများကို ခွင့်ပြုတော့မည်မဟုတ်ဟုလည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မတ်လ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...