ဂွမြို့အနီးမှရွေ့လျားသွားသည့် အာစနီမုန်တိုင်းငယ် အားလျော့ကာ လေဖိအားနည်းရပ်ဝန်းအဖြစ်ရောက်ရှိ

ဂွမြို့အနီးမှရွေ့လျားသွားသည့် အာစနီမုန်တိုင်းငယ် အားလျော့ကာ လေဖိအားနည်းရပ်ဝန်းအဖြစ်ရောက်ရှိ

ရခိုင်ပြည်နယ် ဂွမြို့အနီးမှရွေ့လျားခဲ့သည့် အားကောင်းခဲ့သောအာစနီမုန်တိုင်းငယ်သည် အားလျော့ကာ လေဖိအားနည်းရပ်ဝန်းအဖြစ်ရောက်ရှိသွားပြီဖြစ်ကြောင်း မိုး/ဇလက ထုတ်ပြန်သည်။

ရခိုင်ကမ်းရိုးတန်းတောင်ပိုင်း ဂွမြို့အနီးမှ ရွေ့လျားခဲ့သော မုန်တိုင်းငယ်သည် လက်ရှိတွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားခဲ့ပြီဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက် ၇ နာရီခွဲအချိန်ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါမုန်တိုင်းငယ်အရှိန်ကြောင့် ဂွမြို့နယ်အပါအဝင် သံတွဲနှင့် ကျောက်ဖြူမြို့နယ်တို့တွင် လေပြင်းအနည်းငယ်တိုက်ခဲ့ပြီး မိုးဖွဲအနည်းငယ်ရွာသွန်းခဲ့သော်လည်း အပျက်အစီးများမရှိခဲ့ဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် အဆိုပါအားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် ရခိုင်ပြည်နယ်၊ သံတွဲမြို့အနီးမှ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေသဖြင့် အညိုရောင်အဆင့်ဟု မိုး/ဇလက သတ်မှတ်ထားသည်။

ယင်းအားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် နောက်ထပ် (၁၂)နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ တဖြည်းဖြည်း အားလျော့သွားမည်ဟုလည်း ခန့်မှန်းထားသည်။

ယင်းအားကောင်းသောလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရခိုင်အပါအဝင် အခြားတိုင်းနှင့်ပြည်နယ်အချို့တို့တွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်း(၈၀)ရှိကြောင်း မိုး/ဇလက ခန့်မှန်းထားသည်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။

ရခိုင်တွင် မုန်တိုင်းကြောင့် မတ်လ ၂၂ ရက်နေ့က ရပ်နားထားခဲ့သည့် လေကြောင်းခရီးစဉ်ကိုလည်း ယနေ့ မတ်လ ၂၃ ရက်နေ့တွင် ပြည်လည်ပြေးဆွဲနေပြီဖြစ်ပြီး ရေကြောင်းခရီးစဉ်များကိုမူ မတ်လ ၂၅ ရက်တွင် ပြန်လည်ပြေးဆွဲတော့မည်ဟု သိရသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...