ဘင်္ဂလားဒေ့ရှ်သို့သွားမည့် နွား ၅၈ ကောင်ပါ နွားမှောင်ခိုစက်လှေတစ်စီးကို မာန်အောင်တွင် ဖမ်းမိ

ဘင်္ဂလားဒေ့ရှ်သို့သွားမည့် နွား ၅၈ ကောင်ပါ နွားမှောင်ခိုစက်လှေတစ်စီးကို မာန်အောင်တွင် ဖမ်းမိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သွားရောက်မည့် နွား ၅၈ ကောင်ပါ နွားမှောင်ခိုစက်လှေတစ်စီးကို ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ဖမ်းမိခဲ့သည်ဟု ရခိုင်နေ့စဉ်သတင်းတွင်ဖော်ပြချက်အရ သိရသည်။

ဖမ်းဆီးခံလိုက်ရသည့်စက်လှေမှာ ရတနာထွန်းအမည်ရှိ စက်လှေဖြစ်ပြီး ယမန်နေ့ မတ်လ ၁၇ ရက် နေ့လယ်ပိုင်းတွင် မာန်အောင်မြို့နယ်၊ သစ်ဝအုပ်စု၊ သစ်ဝချောင်းအတွင်း ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ရခိုင်နေ့စဉ်သတင်းတွင်ဖော်ပြသည်။

ဖမ်းမိချိန်တွင် ယင်းစက်လှေအနီး ဆိပ်ကမ်းပေါ်၌ စက်လှေပေါ်တင်ဆောင်မည့် နွားထီး ၅ ကောင်၊ နွားမ ၅၃ ကောင်၊ စုစုပေါင်း ၅၈ ကောင်နှင့်အတူ နွားပိုင်ရှင် ၄ ဦး၊ နွားရောင်းဝယ်သူ ၁ ဦး၊ စက်လှေပိုင်ရှင် ၁ ဦး၊ စက်လှေလုပ်သား ၁၀ ဦးနှင့် နွားကျောင်းသား ၂ ဦးတို့ကိုပါ ဖမ်းမိခဲ့သည်ဟု သတင်းတွင်ဖော်ပြသည်။

နွားပိုင်ရှင်များအား စစ်ဆေးမေးမြန်းချက်အရ ဖမ်းဆီးရမိနွားများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ဆောင်ရောင်းချရန် မာန်အောင်မြို့နယ်အတွင်းမှ နွားတစ်ကောင်လျှင် ကျပ် ၄ သိန်းနှုန်းဖြင့် ဝယ်ယူပြီး သစ်ဝကျေးရွာ၌ စုဆောင်းကာ ရတနာထွန်းစက်လှေအား ငွေကျပ်သိန်း ၅၀ ဖြင့်ငှားရမ်း၍ စက်လှေပေါ်သို့ တင်ဆောင်ရန်ပြင်ဆင်နေစဉ် ဖမ်းဆီးခံခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

ဖမ်းဆီးရမိသည့်နွားများ၏ကာလတန်ဖိုးမှာ ကျပ်သိန်း ၂၄ဝ ကျော်တန်ဖိုးရှိသည်ဟု သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိနွားများအား သစ်ပုံနယ်မြေရဲစခန်း၌ ထိန်းသိမ်းထားပြီး နွားများနှင့်အတူဖမ်းမိသူများအား အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ-၅ အရ  အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...