စစ်တွေတွင်ပြုလုပ်သည့် ရခိုင်ရိုးရာသဲပုံစေတီတော်ပွဲ လူပေါင်းထောင်နှင့်ချီ ပါဝင်ဆင်နွဲ

စစ်တွေတွင်ပြုလုပ်သည့် ရခိုင်ရိုးရာသဲပုံစေတီတော်ပွဲ လူပေါင်းထောင်နှင့်ချီ ပါဝင်ဆင်နွဲ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်တွေကမ်းခြေတွင် ပြုလုပ်ခဲ့သည့် ရခိုင်ရိုးရာသဲပုံစေတီတော်ပွဲ(ခေါ်)သျှစ်သောင်းမြှောက်ပွဲကို လူပေါင်း ထောင်နှင့်ချီပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

အဆိုပါပွဲတော်ကို စစ်တွေမြို့၊ ပွိုင့်ကမ်းခြေတွင် ယနေ့ မတ်လ ၁၆ ရက်နေ့ နေ့လယ်မှစ၍ ကျင်းပခဲ့ရာ စစ်တွေမြို့အပါအဝင် အနယ်နယ်အရပ်အရပ်မှ လူများထောင်နှင့်ချီ၍လာရောက်လည်ပတ်ခဲ့ကြသည်ဟု သိရသည်။

ပွဲတော်သို့ လာရောက်လည်ပတ်သူ ကျောက်ဖြူမြို့မှ မအိအိစံက "ဒါကပထမဆုံးအကြိမ်လာရောက်လည်ပတ်ဖူးတာ။ အရမ်းပျော်ဖို့ကောင်းပါတယ်။ တခြားမြို့နယ်က လူတွေကိုလည်း ဒီလိုမျိုးလာရောက်လည်ပတ်ဖို့ဖိတ်ခေါ်ချင်ပါတယ်"ဟု ပြောသည်။

အဆိုပါပွဲဲကို စစ်တွေရှိ သာကီမဏ္ဍိုင်ရခိုင့်ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ပွဲတော်သို့လာရောက်သူများက မြောက်ဦးရှိ ဘုရားပုထိုးစေတီများ၏ ပုံစံများနှင့် ဂူပုံစံများကို သဲများဖြင့် ပုံဖော်ဖန်တီးခဲ့ကြသည်ဟု သိရသည်။

သာကီမဏ္ဍိုင်ရခိုင့်ယဉ်ကျေးမှုအဖွဲ့မှနာယက ဦးသိန်းထွန်းက "ဒီပွဲကိုကျင်းပရတာ စေတီတွေ ဘုရားတွေပြုလုပ်ပြီး ပူဇော်ခွင့်ရတဲ့အတွက် ကုသိုလ် ကောင်းမှူတွေ အများကြီးရတယ်။ ဒီလိုမျိုးကျင်းပခွင့်ရတဲ့အတွက် အလွန်ပီတိဖြစ်မိတယ်"ဟု နိရဥ္စရာကို ပြောသည်။

အဆိုပါပွဲတော်ကို ရခိုင်ဘုရင်တို့အုပ်ချုပ်ခဲ့သည့် ဝေသာလီခေတ်မှ မြောက်ဦးခေတ်အထိ ကျင်းပခဲ့ပြီး သဲများဖြင့်ပုံဖော်ဖန်တီးပူဇော််ထားသည့် ဘုရားပုထိုးစေတီများသည် ဒီရေအတက်ဖြင့် ပြိုပျက်စီးသွားသည်ကို ကြည့်ခြင်းအားဖြင့် မမြဲသောတရားကို ရှုမြင်စေလိုသည့်ရည်ရွယ်ချက်ဖြင့် ကျင်းပတတ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

ယခုပွဲကို စစ်တွေကမ်းခြေအပြင် သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေတွင်လည်း ဒေသခံအချို့က အကျဉ်းရုံးပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...