ထောင်ချခံထားရသည့် ရခိုင်တက္ကသိုလ်ကျောင်းသား ၄ ဦး ယနေ့နံနက်က လွတ်မြောက်လာ

ထောင်ချခံထားရသည့် ရခိုင်တက္ကသိုလ်ကျောင်းသား ၄ ဦး ယနေ့နံနက်က လွတ်မြောက်လာ

ထောင်ချခံထားရသည့် ရခိုင်တက္ကသိုလ်ကျောင်းသား ၄ ဦးသည် ယနေ့နံနက်က လွတ်မြောက်လာကြပြီဟု သိရသည်။

လွတ်မြောက်လာသူများသည် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဘက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ပြည်ကျောင်းသားများသမဂ္ဂ(ဒဂုံတက္ကသိုလ်)မှ ကိုကောင်းထွန်းတို့ဖြစ်သည်။

၄င်းတို့ ၄ ဦးသည် ယနေ့ မတ်လ ၁၁ ရက် နံနက် ၆ နာရီခန့်တွင် စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာခြင်းဖြစ်သည်ဟု ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက နိရ ဉ္စရာကိုပြောသည်။

"အခုသူတို့လွတ်သွားပြီ။ သူတို့ပြောတာတော့ လွတ်ရက်စေ့လို့ လွတ်လာတာလို့ ပြောတယ်။ အသေးစိတ်ကို သူတို့နဲ့ဆုံမှပဲပြောနိုင်မယ်" ဟုပြောသည်။

လက်ရှိတွင် ၎င်းတို့ ၄ ဦးသည် ဆွေမျိုးတော်စပ်သူတစ်ဦးအိမ်တွင် ခေတ္တနားခိုနေကြောင်း သိရသည်။

လွတ်မြောက်လာရာတွင် ပါဝင်သည့် ကိုဦးသန်းနိုင်၏ ဖခင်က "လွတ်လာတဲ့အတွက် ဝမ်းသာပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်" ဟုပြောသည်။

၎င်းတို့ ၄ ဦးသည် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်က အစိုးရနှင့် စစ်တပ်ကိုဆန့်ကျင်ဆန္ဒပြမှုကြောင့် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ(၂၉)တို့ဖြင့်တရားစွဲခံရကာ ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်တွင် စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်နှင့် ၆ လချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

ထောင်ချခံလိုက်ရသည်ကို ကျေနပ်မှုမရှိ၍ ရခိုင်ပြည်နယ်တရားလွှတ်တော်သို့ အယူခံဆက်တက်ခဲ့ရာ ၄င်းတို့၏အယူခံလွှာပြင်ဆင်ချက်အရ စွဲဆိုထားသည့်အမှု ၂ မှုကို တပေါင်းတည်းသတ်မှတ်ကာ ထောင်ဒဏ် ၂ နှစ်နှင့် ၆ လအစား ထောင်ဒဏ် ၁ နှစ်နှင့် ၆ လသာကျခံစေရန် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်က အမိန့်ချမှတ်ခဲ့သည်။

၄င်းတို့၏ ချုပ်ရက်များပါ ထုတ်နုတ်ခံစားစေဟုဆိုသည့်အတွက် သူတို့၏ချုပ်ရက်များကိုပါထည့်ပေါင်းမည်ဆိုပါက ၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်း အပြီးသတ်လွတ်မြောက်နိုင်မည်ဟု အမှုလိုက်ရှေ့နေက ခန့်မှန်းပြောဆိုထားသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...