စစ်ကောင်စီခေါင်းဆောင် ကိုဗစ်ရောဂါကူးစက်ခံရ

စစ်ကောင်စီခေါင်းဆောင် ကိုဗစ်ရောဂါကူးစက်ခံရ

စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကိုဗစ်ရောဂါကူးစက်ခံနေရခြင်းကြောင့်  လူမြင်ကွင်းက ပျောက်ကွယ်နေခြင်းဖြစ်သည်ဟု နေပြည်တော်ရှိ ယုံကြည်စိတ်ချရသော သတင်းအရင်းအမြစ်များက မဇ္ဈိမသို့ပြောသည်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့က နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင်  ကျောင်းဆောင်တော် ရတနာပန္နက်တော်တင် အခမ်းအနားတက်ရောက်ခဲ့ပြီးနောက် လူမြင်ကွင်းမှပျောက်သွားခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

လူမြင်ကွင်းမှမပျောက်မီ ခါးနာဝေဒနာကိုခံစားနေခဲ့ရသည့် အသက် ၆၅ နှစ်အရွယ် စစ်ခေါင်းဆောင်သည် ကိုဗစ်ကူးစက်မှုဖြစ်၍ နေအိမ်တွင်ပင် ကွာရန်တင်းဝင်နေပြီး ရုံးလုပ်ငန်းများလုပ်ဆောင်ခြင်းမရှိဟု သတင်းရင်းမြစ်တစ်ခုက ပြောသည်။

စစ်ခေါင်းဆောင်တွင် ခါးရိုးကင်ဆာဖြစ်သည်ဆိုသော ကောလာဟလများနှင့်ပတ်သက်၍ "လုံး၀မဟုတ် "ဟု သူက ပယ်ချလိုက်ပြီး ကျန်းမာရေးစိုးရိမ်စရာမရှိဟုဆိုသည်။

သို့သော် သူ၏ကျန်းမာရေးနှင့်ပတ်သက်၍ စစ်ကောင်စီဘက်က တရားဝင်ထုတ်ပြန်ခြင်းမပြုဘဲထားသည်။

အာဏာသိမ်းခေါင်းဆောင်သည် ကိုဗစ်-၁၉ ကူးစက်မှုအစောပိုင်းကာလကပင် ရုရှားနိုင်ငံမှလက်ဆောင်ပေးသော ကိုဗစ်ကာကွယ်ဆေးကိုထိုးထားပြီးသူဖြစ်ကာ Booster လည်းထိုးပြီးသားဖြစ်သည်ဟု သိရသည်။ သို့သော်လည်း လတ်တလောစစ်ဆေးသည့်အခါ Positive ဖြစ်နေပြန်သည်။

ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုးပြည်တွင်းကူးစက်မှုက အရှိန်အဟုန်မြင့်နေခဲ့ရာ နေပြည်တော်တွင်လည်း ကူးစက်မှုမြင့်မားပြီး အခြားသော စစ်ကောင်စီအဖွဲ့ဝင်အရာရှိများလည်း ကူးစက်မှုရှိခဲ့သည်ဟု သီးခြားသတင်းရင်းမြစ်များက ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် မတ်လ ၁ ရက်နေ့မှ မတ်လ ၄ ရက်နေ့အထိ အကြိမ် (၄၀) မြောက် အာဆီယံရဲတပ်ဖွဲ့ညီလာခံသို့သွားတက်ရာ ကိုဗစ်ရောဂါပိုးတွေ့ရှိသဖြင့် ကွာရန်တင်းဝင်ခဲ့ရသေးသည်။

အာဆီယံထိပ်သီးအစည်းအဝေးပွဲများတွင် စစ်ကောင်စီခေါင်းဆောင်ကိုတော့ တက်ရောက်ခွင့်မပြုဘဲထားသည်။

ယခုရက်ပိုင်းတွင် စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦးသာလျှင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လှည့်လည်သွားရောက်ပြီး လုပ်ငန်းတာဝန်များ လုပ်ဆောင်လျှက်ရှိသည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...