မန္တလေး ပကဖ တာဝန်ခံ ကိုဝဏ္ဏအောင် မိုင်းလားတွင် ဖမ်းဆီးခံရ

မန္တလေး ပကဖ တာဝန်ခံ ကိုဝဏ္ဏအောင် မိုင်းလားတွင် ဖမ်းဆီးခံရ

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ကိုဝဏ္ဏအောင်သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) ထိန်းချုပ်ရာ မိုင်းလားဒေသတွင် ဖမ်းဆီးခံခဲ့ရကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။

ကိုဝဏ္ဏအောင်၏ အမျိုးသမီးဖြစ်သူမှာ ရှမ်းပြည် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် စစ်တပ်ထံ ဖမ်းဆီးခံခဲ့ရပြီး နောက် မိုင်းလားတွင် ကျန်ရစ်ခဲ့သည့် ကိုဝဏ္ဏအောင်ပါ ဆက်လက်ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ကြောင်း နီးစပ်သူ အချို့က ဆိုသည်။

နီးစပ်သူ တစ်ဦးက “သူ့အမျိုးသမီးက ကျိုင်းတုံသွားတယ်၊ KPay သွားလုပ်တယ်။ အပြန်ကျတော့ စစ်တပ် လုံခြုံရေးက စစ်တာတွေ မေးတာတွေလုပ်တော့ ကိုဝဏ္ဏအောင်က မိုင်းလားမှာကျန်ခဲ့တယ်။ သူ့ကိုသွားဖမ်း တာပေါ့၊ အဖမ်းခံလိုက်ရတယ်ဆိုပြီး ကြားတယ်” ဟု ပြောသည်။

ကိုဝဏ္ဏအောင်ကို ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့တွင် NDAA က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယင်းသို့ဖမ်းဆီးခံရပြီး နောက်ပိုင်း နောက်ဆက်တွဲအခြေအနေများကိုမူ မသိရသေးကြောင်း မန္တလေးတိုင်းအတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးကလည်း ဆိုသည်။

လက်ရှိတွင် မိုင်းလားလက်နက်ကိုင်အဖွဲ့ (NDAA) က ကိုဝဏ္ဏအောင်ကို စစ်အုပ်စုထံ လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို မေးမြန်းနိုင်ရန် ရှမ်းပြည် (အရှေ့ပိုင်း) အထူး ဒေသ (၄) မိုင်းလား၏ သတင်းပြန်ကြားရေးဌာနသို့ မဇ္ဈိမသတင်းဌာနက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

ဖမ်းဆီးခံရသူ ကိုဝဏ္ဏအောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ တံတားဦးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်သည်။

NDAA အဖွဲ့သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကာလများအတွင်း စစ်အုပ်စုနှင့် ဆက်လက် ထိတွေ့ဆက်ဆံနေသည့်အဖွဲ့ ဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း စစ်အုပ်စု၏ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် NDAA တာဝန်ရှိသူတို့ မိုင်းလားမြို့တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

စစ်အုပ်စုတပ်က ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲ တစ်ခု။ / Crd
September 8, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် တစ်ရပ်ကွက်လျှင် တစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရန်...
ရွာသစ်တောကျောင်းကို စက်တင်ဘာလ ၆ ရက်က ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ပျံလွန်တော်မူသည့် သံဃာတော် / CJ
September 8, 2026
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်အုပ်စုတပ်၏ ဒရုန်းဖြင့် ဗုံးကြဲချမှုကြောင့်...
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် / Crd
September 7, 2026
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ‘FREE HER’ လှုပ်ရှားမှုကို စတင်လိုက်ပြီ...
ဓာတ်ပုံ - ကလေးမြို့တွင် စက်တင်ဘာလ ၆ ရက်နေ့က ရေစီးနှင့်အတူ မျောပါသွားသူ လူငယ်တစ်ဦးကို ဒေသခံများက ဝိုင်းဝန်းရှာဖွေနေစဉ်။
September 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ...