ရမ်းဗြဲတွင် ကျပ်သိန်း ၃,၅ဝဝ ဖြင့်တည်ဆောက်ထားသည့် ရမ္မာဝတီဘိုးဘွားရိပ်သာ စတင်ဖွင့်လှစ်

ရမ်းဗြဲတွင် ကျပ်သိန်း ၃,၅ဝဝ ဖြင့်တည်ဆောက်ထားသည့် ရမ္မာဝတီဘိုးဘွားရိပ်သာ စတင်ဖွင့်လှစ်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် ကျပ်သိန်း ၃,၅၀၀ ဖြင့်တည်ဆောက်ထားသည့် ရမ္မာဝတီ ဘိုးဘွားရိပ်သာကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ရမ်းဗြဲမြို့၊ မြို့သစ်စီမံကိန်းမြေနေရာရှိ ရမ္မာဝတီဘိုးဘွားရိပ်သာကို မတ်လ ၆ ရက် နံနက် ၈ နာရီခန့်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါရိပ်သာကော်မတီဥက္ကဋ္ဌ ဦးလှမောင်က နိရဥ္စရာကို ပြောသည်။

“အခုလိုဖွင့်ရတဲ့အတွက် အထောက်အပံ့နည်းနေတဲ့ ဘိုးဘွားတွေကို ကူညီစောင့်ရှောက်ပေးရတာ မြို့သူ၊ မြို့သားအနေနဲ့ ဝမ်းသာပါတယ်” ဟုပြောသည်။

အဆိုပါဘိုးဘွားရိပ်သာကို သားသမီးမဲ့၊ ဆွေမျိုးမဲ့နေသော ပစ်ပယ်ခံ အဘိုးအဘွားများအတွက် ရည်ရွယ်ပြီး ရမ်းဗြဲမြို့၊ မြို့သစ်စီမံကိန်းမြေနေရာရှိ မြေဧက ၅ ဧကတွင် ၂၀၁၉ ခုနှစ်မှစတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ရမ်းဗြဲမြို့ခံ ကိုထွန်းနိုင်က ကိုယ့်မြို့၊ ကိုယ့်ဒေသတွင် ဘိုးဘွားရိပ်သာဖွင့်လှစ်ခြင်းဖြင့် ကယ်ရာမဲ့နေသော အဘိုးအဘွားများအတွက် အားကိုးစရာနေရာရသည်ဟု ပြောသည်။

“ကိုယ့်မြို့မှာ ဖွင့်လှစ်ထားတော့ ကောင်းတာပေါ့။ ကယ်ရာမဲ့နေတဲ့ သက်ကြီးရွယ်အိုတွေအတွက်လည်း အထောက်အပံ့ဖြစ်သွားတာပေါ့” ဟုပြောသည်။

အဆိုပါဘိုးသွားရိပ်သာတွင် ဘိုးဘွား ၄ဝ ဦးဆံ့သောအဆောင်၊ ဆွမ်းစားဆောင်၊ ဓမ္မာရုံကြီးနှင့် ဆေးခန်းများပါရှိကာ ယခုနှစ်အစောပိုင်းတွင် တည်ဆောက်ပြီးစီးခဲ့သည်ဟု သိရသည်။

အဆိုပါရိပ်သာကို ရမ်းဗြဲမြို့နယ်အသင်း(ရန်ကုန်)ကဦးဆောင်ကာ ရမ်းဗြဲမြို့သူ၊ မြို့သားများ၏ အလှူငွေများဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

အဆိုပါဘိုးဘွားရိပ်သာဖွင့်ပွဲနှင့်အတူ တိပိဋကဓရ ဘဏ္ဍာဂါရိက ဆရာတော်ကြီးများ ပူဇော်ပွဲကိုလည်း တစ်ပါတည်းပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ရိပ်သာဖွင့်ပွဲနှင့် ဆရာတော်ကြီးများအားပူဇော်ပွဲအခမ်းအနားသို့ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဘိုးဘွားရိပ်သာဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင်များနှင့် အလှူရှင်များ တက်ရောက်ကြကြောင်း သိရသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...