ရခိုင်နှင့် ဧရာဝတီသို့ဆက်သွယ်ထားသည့် ဂွချောင်းတံတားတွင် အရေးပေါ်ယာဉ်များအား ဧပြီလမှစတင်ဖြတ်သန်းခွင့်ပေးမည်

ရခိုင်နှင့် ဧရာဝတီသို့ဆက်သွယ်ထားသည့် ဂွချောင်းတံတားတွင် အရေးပေါ်ယာဉ်များအား ဧပြီလမှစတင်ဖြတ်သန်းခွင့်ပေးမည်
ဂွချောင်းတံတားတည်ဆောက်နေမှုအား ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်က တွေ့ရစဉ်။
ဂွချောင်းတံတားတည်ဆောက်နေမှုအား ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်က တွေ့ရစဉ်။

ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးကိုဆက်သွယ်ထားသည့် ဂွချောင်းတံတားတွင် အရေးပေါ်လိုအပ်သော ယာဉ်များကို ဧပြီလလယ်ပိုင်းခန့်မှစတင်ဖြတ်သန်းသွားလာခွင့်ပေးတော့မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၈)မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်သူရက နိရဥ္စရာကို ပြောသည်။

“လာမယ့် ဧပြီလလယ်လောက်ဆိုရင် ဖြတ်သန်းသွားလာလို့ရတဲ့အဆင့်လောက်တော့ရမယ်။ ဒါပေမယ့် ဖြတ်သန်းသွားလာခွင့်ကတော့ တံတားပေါ်မှာ AC မခင်းရသေးတော့ ဖြတ်သန်းသွွားလာခွင့်ပြု/မပြုကိုတော့ အထက်လူကြီးတွေနဲ့ပဲဆိုင်တယ်။ ဂွဘက်ကမ်းက ချဉ်းကပ်လမ်းကို ကျောက်စီပြီးတော့ ကျောက်ချောလမ်းအနေနဲ့ ကားသွားလို့ရတဲ့အဆင့်ရယ်၊ တံတားပြီးဖို့ကတော့ ဧပြီလလယ်လောက်မှာ အရေးပေါ်ဖြတ်သန်းသွားလာလို့ရတဲ့အဆင့်လောက်ပဲရှိမှာပါ” ဟုပြောသည်။

တံတားတည်ဆောက်ပြီးစီးပါက တံတားဖွင့်ပွဲကို လာမည့်နှစ်မှ ပြုလုပ်ရမည်ဟု ပြောသည်။

ဂွချောင်းတံတားကို ဂွမြို့နယ်ရှိ ဂွ-ကျောက်ချွန်လမ်းပေါ်မှတဆင့် ဧရာဝတီတိုင်းဒေသကြီးရှိ ငပုတောမြို့နယ် ငရုတ်ကောင်းမြို့မြောက်ပိုင်းသို့ ဆက်သွယ်တည်ဆောက်နေခြင်းဖြစ်သည်။

အဆိုပါတံတားကို ကျပ်သန်းပေါင်း ၈,၉ဝဝ (လမ်း+တံတား)ဖြင့် ၂ဝ၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်မှစတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

တံတားအမျိုးအစားမှာ သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး အရှည်ပေ ၁,၃၉၈ ပေနှင့်  ၉ လက်မရှိသည်ဟု သိရသည်။

လက်ရှိတွင် ၉၈ ရာခိုင်နှုန်းအထိဆောက်လုပ်ပြီးစီးနေပြီဖြစ်ပြီး ဧပြီလအတွင်း ရာနှုန်းပြည့်ပြီးစီးမည်ဟု သိရသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...