စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂရုံးနှင့် ဆရာများသမဂ္ဂရုံးကို ဖေဖော်ဝါရီ ၂၇ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားရန် ညွှန်ကြား

စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂရုံးနှင့် ဆရာများသမဂ္ဂရုံးကို ဖေဖော်ဝါရီ ၂၇ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားရန် ညွှန်ကြား

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂရုံး RC (2)နှင့် ဆရာများသမဂ္ဂရုံး RC (1)တို့ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နောက်ဆုံးထားဖယ်ရှားပေးရန် စစ်တွေတက္ကသိုလ်တာဝန်ရှိသူများက ညွှန်ကြားလိုက်ကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် စစ်တွေတက္ကသိုလ်တာဝန်ရှိသူများက အကြောင်းကြားလာခြင်းဖြစ်သည်ဟု စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ ယာယီဥက္ကဋ္ဌ ကိုဘုုန်းပြည့်ဖြိုးက နိရဥ္စရာကို ပြောသည်။

"၂၇ ရက်နေ့ နောက်ဆုံးထား အပြီးပြောင်းပေးပါပေါ့။ ၂၈ ရက်နေ့ ရုံးကိုချိတ်ပိတ်မယ်။ သိမ်းမယ်လို့ အကြောင်းကြားထားတာ ရှိပါတယ်" ဟု ပြောသည်။

လက်ရှိရုံးနေရာမှာ နားနေဆောင်ဖြစ်သည့်အတွက် ကျောင်းသားများနားနေရန် ပြန်အသုံးပြုမည့်အတွက်ဟု အကြောင်းပြပြောဆိုကြောင်း ကိုဘုန်းပြည့်ဖြိုးက ဆက်ပြောသည်။

"အဓိက ကျွန်တော်တို့ ကျောင်းသားသမဂ္ဂကိုဖယ်ချင်တာပေါ့။ အစားထိုးနေရာလည်း မပေးဘူးပေါ့။ ကျောင်းသားတွေရဲ့အခွင့်အရေးဆုံးရှုံးသွားအောင် ဘာမှဝေဖန်လို့၊ ပြောကြားလို့မရအောင် တမင်တကာ အာဏာရှင်ဆန်ဆန်လုပ်တယ်လို့ပဲ မြင်ပါတယ်"ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ကျောင်းတာဝန်ရှိသူများနှင့်သွားရောက်ညှိနှိုင်းမှုပြုလုပ်ခဲ့ချိန် ဖယ်ရှားမပေးပါက တိုင်းမှူးက အရေးယူမည်ဟု ပြောကြားမှုရှိခဲ့ကြောင်း ဆက်ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ကျောင်းသားရေးရာဌာနမှ ဌာနမှူးဦးကျော်နိုင်ဦးက ဖယ်ရှားခံရမည့်သူများအတွက် နေရာသစ်စီစဉ်ပေးရန် အစီစဉ်မရှိသေးကြောင်း ပြောသည်။

"လောလောဆယ် အထက်က ဦးစီးဌာနက ညွှန်ကြားချက် မရှိသေးပါဘူး။ ဖယ်ရှားသွားမှာတော့ မဟုတ်ဘူး။ အဲ့ဒီနေရာကို လောလောဆယ် RC ဆောင်လုပ်ဖို့အတွက် ကျွန်တော်တို့က နေရာစီစဉ်နေပါတယ်"ဟု ပြောသည်။

စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂရုံးကို ၂၀၁၆ ခုနှစ်ခန့်က ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ကျောင်းသား၊ ကျောင်းသူအဖွဲ့ဝင် ၃ဝဝ ခန့်ရှိကြောင်း သိရသည်။

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...