PDF အား ငွေထောက်ပံ့သည်ဟုဆိုကာ ဂွမြို့မှ အမျိုးသား ၂ ဦး အကြမ်းဖက်မှုပုဒ်မ ၅၀ (ည) ဖြင့် ဖမ်းဆီးအမှုဖွင့်ခံရ

PDF အား ငွေထောက်ပံ့သည်ဟုဆိုကာ ဂွမြို့မှ အမျိုးသား ၂ ဦး အကြမ်းဖက်မှုပုဒ်မ ၅၀ (ည) ဖြင့် ဖမ်းဆီးအမှုဖွင့်ခံရ

ရခိုင်ပြည်နယ် ဂွမြို့တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ အမျိုးသား ၂ ဦးသည် PDF အား ငွေကြေးထောက်ပံ့သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)ဖြင့် ဖမ်းဆီးအမှုဖွင့်ခံထားရကြောင်း သိရသည်။

ဖမ်းဆီးအမှုဖွင့်ခံလိုက်ရသူများမှာ ဂွမြို့ အောင်မင်္ဂလာခန်းမ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသည့် မြို့ပြအင်ဂျင်နီယာ ကိုဇင်မိုးပိုင်နှင့် ဂွမြို့နယ် ဒေါင့်ချောင်းကျေးရွာအုပ်စု၊ ဆားချက်ကွင်းရွာမှ ဆောက်လုပ်ရေးလုပ်ငန်းခွင် နေ့စားအလုပ်သမား ကိုနိုင်နိုင်အေး (၃၁ နှစ်)နှင့် ဆိုသူတို့ဖြစ်ကြသည်။

၎င်းတို့နှစ်ဦးအနက် နေ့စားအလုပ်သမား ကိုနိုင်နိုင်အေးကို ဖေဖော်ဝါရီ ၁၉ ရက် နံနက်တွင် သူ၏အလုပ်ခွင်အတွင်းမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မြို့ပြအင်ဂျင်နီယာဖြစ်သူ ကိုဇင်မိုးပိုင်အား ယင်းနေ့ မွန်းလွဲပိုင်းတွင် သူ၏ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှေ့ရှိ လက်ဘက်ရည်ဆိုင်တွင် အရပ်ဝတ်နှင့် ရဲများက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မျက်မြင်တစ်ဦးက နိရဥ္စရာသို့ပြောသည်။

“ငွေလွှဲတဲ့ကိစ္စတွေ၊ ငွေကြေးထောက်ပံ့တဲ့ကိစ္စတွေလို့တော့ ကြားတယ်” ဟုပြောသည်။

၎င်းတို့ ၂ ဦးအား ဂွမြို့မရဲစခန်းမှူးက တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့်အမှုဖွင့်ထားပြီး ဂွမြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ဂွမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက သူတို့ ၂ ဦးကို မတ်လ ၅ ရက်အထိ ချုပ်ရမန်ယူထားသည်ဟု ဆိုသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း PDF နှင့်ဆက်စပ်သံသယဖြင့် အကြမ်းဖက်မှုပုဒ်မများဖြင့်ဖမ်းဆီးအမှုဖွင့်ခံထားရသူ ၁ဝ ဦးအထိရှိလာနေပြီဟု သိရသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...