စစ်တွေမြို့ ပထမအကြိမ် အိမ်ထောင်သည်အလှမယ်ပြိုင်ပွဲ၌ မပြုံးပန်းခိုင် Winner ဆုရရှိ

စစ်တွေမြို့ ပထမအကြိမ် အိမ်ထောင်သည်အလှမယ်ပြိုင်ပွဲ၌ မပြုံးပန်းခိုင် Winner ဆုရရှိ
သျှင်မင်းဇံ / နိရ ဉ္စရာ
သျှင်မင်းဇံ / နိရ ဉ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယမန်နေ့က ပထမဆုံးအကြိမ်အဖြစ်ကျင်းပသည့် အိမ်ထောင်သည်အလှမယ်ပြိုင်ပွဲ၌ ခါးနံပါတ်(၃) မပြုံးပန်းခိုင်က Winner ဆုကို ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

အသက် ၂၆ နှစ်အရွယ် မပြုံးပန်းခိုင်သည် ပြိုင်ပွဲဝင် ၁၅ ဦးအနက် Winner ဆုရှင်အဖြစ်ရွေးချယ်ခံလိုက်ရခြင်းဖြစ်ပြီး သရဖူနှင့် ဆုငွေကျပ် ၁ဝ သိန်းကို ပိုင်ဆိုင်ခွင့်ရရှိခဲ့သည်။

Winner ဆုရှင်အား ပြည်နယ်ကိုယ်စားပြုအနေဖြင့် သက်ဆိုင်ရာပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်စေမည်ဖြစ်သလို သူနှင့်အတူ အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကိုဖော်ထုတ်ပြသနိုင်ရန် အစီစဉ်များကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဟု Akyab Stars တည်ထောင်သူ ကိုစံသာက နိရဥ္စရာကို ပြောသည်။

"လောလောဆယ် Winner ကိုက သက်ဆိုင်ရာပြည်နယ်ကိုယ်စားပြုပြိုင်ပွဲတွေကို လွှတ်ပေးဖို့စီစဉ်ထားပါတယ်။ နောက်ထပ်အမျိုးသမီးနဲ့ပတ်သတ်တဲ့ Talk Show တွေလုပ်သွားပါမယ်။ Social Development ပိုင်းကို အသိပညာပေးတာတွေလုပ်ဆောင်သွားပါမယ်"ဟု ပြောသည်။

ယင်းအပြင် AKYAB STARS Arts and Talents Centre က တစ်နှစ်တာ စာချုပ်နှင့်အတူ ပရဟိတ လုပ်ငန်းများနှင့် အလှဓာတ်ပုံများ ရိုက်ကူးရမည်ဟု သိရသည်။

အဆိုပါပြိုင်ပွဲကို စစ်တွေမြို့ မင်းဘာကြီးလမ်းရှိ New World စားသောက်ဆိုင်တွင် Akyab Stars Arts and Talents Centre က ဦးဆောင်ပြီး ယမန်နေ့ ဖေဖော်ဝါရီလ ၁၄ ရက် ညနေ ၇ နာရီ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲတွင် First runner Up ဆုကို မဥမ္မာလင်း (၄၅ နှစ်)၊ Second runner Up ဆုကို မအေးမွန်ဦး (၃၃ နှစ်)၊ Third runner Up ဆုကို မခင်သဇင်အေး (၃၄ နှစ်)နှင့် Fourth runner Up ဆုကို မဦးမေဝင်းတို့က ရရှိခဲ့ပြီး ပြိုင်ပွဲဝင်များ ၁၅ စလုံးကို အခြား Titles ဆုများကိုလည်း ပေးအပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် Best Body Award ဆုကို ရရှိခဲ့သည့် မခိုင်ဇာဝင်းပြည့်(၂၆ နှစ်)၏မိခင် ဒေါ်သာနုမေက "အခုလိုပွဲမျိုးကို ဘဝမှာ ကြည့်ဖူးမယ်လို့ မထင်မိခဲ့ဘူး။ ဒီလိုမျိုးပွဲတွေကို ရန်ကုန်မှာပဲ လုပ်တယ်လို့ ထင်ခဲ့တာ။ အခုတော့ စစ်တွေမြို့မှာကြည့်ရတော့ အရမ်းကြည့်နူးမိပါတယ်။ အရမ်းဝမ်းသာပါတယ်" ဟု နိရ ဉ္စရာကို ပြောသည်။

ပြိုင်ပွဲတွင် အသက် ၂၂ နှစ်မှ အသက် ၅ဝ အထိ အိမ်ထောင်ရှင်အမျိုးသမီး ၁၅ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဒိုင် ၆ ဦးက အကဲဖြတ်ဆုံးဖြတ်ပေးခဲ့ခြင်းဖြစ်သည်။

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...