ပေါက်တောတွင် ခိုင်ပြည်ဟိန်းဇာတ်ဘုတ် နစ်မြုပ်၍ ကျပ်သိန်း ၄၀၀ ခန့်ဆုံးရှုံး

ပေါက်တောတွင် ခိုင်ပြည်ဟိန်းဇာတ်ဘုတ် နစ်မြုပ်၍ ကျပ်သိန်း ၄၀၀ ခန့်ဆုံးရှုံး

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် ခိုင်ပြည်ဟိန်းဇာတ်ဘုတ် နစ်မြုပ်၍ ကျပ်သိန်း ၄၀၀ ခန့်ဆုံးရှုံးသွားကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ပေါက်တောမြို့နယ်၊ ဂြစ်ချောင်းစျာပနပွဲမှအပြန် ပေါက်တောမြို့နယ်၊ ဂြင်းချောင်းကျေးရွာရှိ သားလွဲတော်ဓါတ်ပူဇော်ပွဲသို့သွားချိန် ခြံချေကျေးရွာအနီး ချောင်းထဲတွင် သစ်ငုတ်နှင့်တိုက်မိပြီး ဇာတ်ဘုတ် ဝမ်းဗိုက်ပေါက်ကာ နစ်မြုပ်ခြင်းဖြစ်ကြောင်း သိရသည်။

လူများ ထိခိုက်မှုမရှိသော်လည်း  ဆားငန်ရေတွင်နစ်မြုပ်သွားသည့်အတွက် ဆည်ယူရရှိခဲ့သည့် ဇာတ်အဖွဲ့၏ပစ္စည်းများမှာ အသုံးပြုရန်မလွယ်ကူတော့ဘဲ သိန်း ၄၀၀ ဖိုးခန့် ပျက်ဆုံးရှုံးသွားကြောင်း ရခိုင်ပြည်နယ်သဘင်အစည်းအရုံးဥက္ကဋ္ဌလည်းဖြစ်၊ ခိုင်ပြည်ဟိန်းဇာတ်၏ ပွဲတာဝန်ခံလည်းဖြစ်သည့် ဦးထွန်းအေးက နိရဥ္စရာကို ပြောသည်။

"လူကတော့ မထိခိုက်ဘူး။ ပစ္စည်းတွေအားလုံး ဆုံးရှုံးသွားတယ်။ မီးစက်နဲ့ ဒိုင်နမိုလောက်ပဲကျန်တယ်။ ကျန်တာအားလုံး မြုပ်တယ်။ ပျက်စီးသွားတယ်။ လူတွေမှာလည်း ဘာမှမရလိုက်ဘူး။ ပြန်ရပေမယ့်လည်း သုံးလို့က မရတော့ဘူး။ ပစ်လိုက်ရတယ်" ဟု ပြောသည်။

ပစ္စည်းများ ပျက်စီးဆုံးရှုံးသည့်အပြင် ဇာတ်အဖွဲ့ကို မှီခိုနေသူများလည်း ထိခိုက်နစ်နာမှုများရှိ၍ စိတ်မကောင်းဖြစ်နေကြကြောင်း ၄င်းက ပြောသည်။

"ခံစားရတာမှာတော့ ကိုယ်တို့တစ်ဦးတစ်ယောက်တည်း မဟုတ်ဘူးလေ။ လူပေါင်း လေးငါးခြောက်ဆယ် အားလုံးဆုံးရှုံးကြရတာကို အားလုံးလက်မှိုင်ချပြီး ခံစားနေကြရတာပေါ့"ဟု ပြောသည်။

ယခုကဲ့သို့ ဖြစ်ပွားသွားသည့်အတွက် ထိခိုက်နစ်နာမှုများရှိသော်လည်း ဘုရားပွဲမပျက်စေရန် သားလွဲတော်ဓါတ်စေတီဂေါပကများနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။

ခိုင်ပြည်ဟိန်းဇာတ်သဘင်ကို ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာရွာသစ်တွင် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဇာတ်အဖွဲ့တွင် လူဦးရေ ၆ဝ ခန့်ရှိသည်ဟုလည်း သိရသည်။

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...