ရခိုင်ကမ်းလွန် A-1 တွင် ကိုရီးယား POSCO နှင့် MOGE တို့ စတင်တူးဖော်ရန် ပြင်ဆင်နေ

ရခိုင်ကမ်းလွန် A-1 တွင် ကိုရီးယား POSCO နှင့် MOGE တို့ စတင်တူးဖော်ရန် ပြင်ဆင်နေ

တောင်ကိုရီးယား POSCO International Corporation (Myanmar E&P) က မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် ပူးပေါင်းပြီး ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းအပိုင်း(၂)၏ ရခိုင်ကမ်းလွန်လုပ်ကွက် A-1 မှာ တူးဖော်ရေးလုပ်ငန်းများ စတင်နိုင်ရန် ပြင်ဆင်မှုများ ပြုလုပ် လျက်ရှိနေကြောင်း  BETV  စီးပွားရေးသတင်းတွင် ဖော်ပြသည်။

Myanmar E&P အနေနဲ့ A-1 မှာ ရွှေအဆင့်(၂) ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ တပ်ဆင်ခြင်း လုပ်ငန်းများကို ကမ်းလွန်ဆောက်လုပ်ရေးရေယာဉ် ‘‘DLV 2000’’ နှင့် ဖေဖော်ဝါရီ ၁၆ ရက်မှ မတ်လ ၁၅ ရက်အထိ ဆောင်ရွက်သွားမည်ဟု  ကြေညာထားသည်။

ရွှေစီမံကိန်းမှာ POSCO International က ရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ကာ အော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ရရှိထားပြီး MOGE(မြန်မာ)က ၁၅ ရာခိုင်နှုန်း၊ ONGC(အိန္ဒိယ)က ၁၇ ရာခိုင်နှုန်း၊ KOGAS (တောင်ကိုရီးယား)နှင့် GAIL(အိန္ဒိယ)တို့က ၈.၅ ရာခိုင်နှုန်းစီ အချိုးကျပါဝင်ကာ ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

ကမ်းလွန်လုပ်ကွက် A-1 နှင့်  A-3 တို့တွင် ပါရှိသည့် ရွှေစီမံကိန်းအတွင်း A-1 အတွင်း ‘ရွှေ’ နှင့်  ‘ရွှေဖြူ’ လုပ်ကွက်တို့ရှိပြီး A-3 မှာ ‘မြ’ လုပ်ကွက်တို့ရှိကာ ထွက်ရှိလာသည့်  ဓာတ်ငွေ့များ ကို တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်းထံ ၂၀၁၃ ခုနှစ်မှ စတင်ကာ ပိုက်လိုင်းဖြင့် ပို့လွှတ်ရောင်းချခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။

POSCO ၏ ထုတ်ပြန်ချက်အရ ရွှေအဆင့်(၂) ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အတွက် အမေရိကန်ဒေါ်လာ ၄၇၃ သန်း ရင်းနှီးမြှုပ်နှံဖို့ လျာထားပြီး ကမ်းလွန်လုပ်ကွက် A-1 ရှိ ‘ရွှေ’ နှင့် ‘ရွှေဖြူ’ လုပ်ကွက်ဧရိယာအတွင်း စီးပွားဖြစ်ထုတ်လုပ်ရေး ရှစ်တွင်း တူးဖော်မည်ဟုလည်း သိရသည်။

ရွှေစီမံကိန်းမှ ၂၀၂၁ ပထမသုံးလမှာ နေ့စဉ် သဘာဝဓာတ်ငွေ့ကုဗပေသန်း ၅၇၀ ရောင်းချခြင်းမှ အမြတ် ကိုရီးယားဝမ် ၃၀ ဒသမ ၄ ဘီလီယံနှင့်  ဒုတိယသုံးလမှာ ကုဗပေသန်း ၅၂၀ ရောင်းချရမှုအတွက် အမြတ် ကိုရီးယားဝမ် ၃၇ ဒသမ ၇ ဘီလီယံရရှိခဲ့ကြောင်း POSCO International ၏ ၂၀၂၁ ဒုတိယသုံးလပတ် အစီရင်ခံစာမှာ ဖော်ပြထားသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...