မွန်ပြည်နယ်တွင် ကိုဗစ် ၁၉ အစုလိုက် အပြုံလိုက်ကူးစက်နေပြီး သေဆုံးသူရှိလာ

မွန်ပြည်နယ်တွင် ကိုဗစ် ၁၉ အစုလိုက် အပြုံလိုက်ကူးစက်နေပြီး သေဆုံးသူရှိလာ
ကိုဗစ်ရောဂါဖြင့် သေဆုံးသွားသူကို သယ်ယူသွားစဉ်
ကိုဗစ်ရောဂါဖြင့် သေဆုံးသွားသူကို သယ်ယူသွားစဉ်

မွန်ပြည်နယ်တွင် ကိုဗစ် - ၁၉ ရောဂါကို စာသင်ကျောင်းနှင့် ရပ်ကွက်အချို့တွင် အစုလိုက်အပြုံလိုက် ကူးစက်မှု နေ့စဥ်တွေ့ရှိလာပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကိုဗစ်အတည်ပြုလူနာ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအသင်းများထံမှသိရသည်။

သေဆုံးသူမှာ ကျိုက်မရောမြို့နယ်ရှိ သက်ကြီးကိုဗစ်အတည်ပြုလူနာ မွတ်စလင်အမျိုးသားတစ်ဦးဖြစ်ကြောင်း လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ပိုးတွေ အစုလိုက်တွေ့ထားတဲ့ ရန်ကြီးအောင် ၅ ရပ်ကွက်က သက်ကြီးကိုဗစ်လူနာပါ။ မွတ်စလင်လူမျိုးပါ။ မနေ့ကပဲ မိသားစုကိုအကြောင်းကြားပြီး ရိုးရာအတိုင်းသဂြိုလ်လိုက်ပါတယ်"ဟု ၎င်းက ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဖေဖော်ဝါရီလ ၁၃ရက်နေ့အတွက် ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် ကိုဗစ် - ၁၉ အတည်ပြုလူနာ ၅၄ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

ကျိုက်မရောမြို့နယ် ရန်ကြီးအောင်ရပ်ကွက်နှင့် အထက်တန်းကျောင်းမှ ကိုဗစ်အတည်ပြုလူနာများ အစုလိုက်အပြုံလိုက် နေ့စဥ်ကူးစက်မှုများ တွေ့ရှိနေပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့က ပိုးတွေ့လူနာ ၈ ဦးခန့် ဆေးရုံမှ ဆင်းနိုင်ခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ကိုဗစ်အတည်ပြုလူနာ တွေ့ရှိမှုသည် ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်ပြီး နေ့စဉ် တစ်ထောင်အထက်ရောက်ရှိကာ ဖေဖော်ဝါရီ ၁၃ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ ဓါတ်ခွဲအတည်ပြုလူနာသစ် (၁၄၇၃) ဦး တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

Caption: ကိုဗစ်ရောဂါဖြင့် သေဆုံးသွားသူကို သယ်ယူသွားစဉ်

May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...