မဲ ၂ ကြိမ်ပေးသည်ဟုဆိုကာ တရားစွဲခံနေရသည့် ရန်ကုန်ရောက်ရခိုင်သူနှစ်ဦးအနက် ၁ ဦး ဒဏ်ငွေ ကျပ် ၁ သိန်းချမှတ်ခံရ

မဲ ၂ ကြိမ်ပေးသည်ဟုဆိုကာ တရားစွဲခံနေရသည့် ရန်ကုန်ရောက်ရခိုင်သူနှစ်ဦးအနက် ၁ ဦး ဒဏ်ငွေ ကျပ် ၁ သိန်းချမှတ်ခံရ

ရန်ကုန်တိုင်းဒေသကြီး၊ ရွေပြည်သာမြို့နယ်တွင် မဲမသာမှုစွပ်စွဲချက်ဖြင့် တရားစွဲခံထားရသည့် ရခိုင်သူ ၂ ဦးအနက် ၁ ဦးသည် ဒဏ်ငွေကျပ် ၁ သိန်းချမှတ်ခံလိုက်ရသည်ဟု သိရသည်။

ဒဏ်ငွေကျပ် ၁ သိန်းချမှတ်ခံလိုက်ရသူမှာ ရွှေပြည်သာမြို့နယ်၊ ရပ်ကွက်(၈)တွင်နေထိုင်သူ ပေါက်တောမြို့နယ်ဇာတိ မနန်းစိုးခိုင်(၂၁)နှစ်ဖြစ်သည်။

သူမကို ယနေ့ ဖေဖော်ဝါရီလ ၉ ရက် နံနက်တွင် ရွှေပြည်သာမြို့နယ်တရားရုံးက ဒဏ်ငွေကျပ် ၁ သိန်းချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ကာယကံရှင် မနန်းစိုးခိုင်က ပြောသည်။

“ကွင်းလုံးကျွတ်လွှတ်ပေးတာပါ။ အမှုရုပ်သိမ်းပေးတယ်လို့ပြောတယ်။ ငွေတစ်သိန်းဒဏ်ငွေပေးဆောင်ခဲ့ရပါတယ်။ လွှတ်ပေးတယ်ဆိုတော့ ပျော်တာပေါ့” ဟုပြောသည်။

သူမမှာ ရွှေပြည်သာမြို့နယ်မှ အထည်ချုပ်စက်ရုံတစ်ခုတွင်အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး လွန်ခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲတွင် မဲနှစ်ခါထည့်သည်ဟုဆိုကာ နောက်ထပ်ရခိုင်သူတစ်ဦးဖြစ်သူ ပုဏ္ဏားကျွန်းမြို့နယ်ဇာတိ မဝင်းမေ(၂၈)နှစ်နှင့်အတူ မဲမသာမာမှုပုဒ်မ ၁၇၁(စ)ဖြင့် တရားစွဲခံခဲ့ရသည်ဟု သိရသည်။

၄င်းတို့အား လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် ရန်ကုန်မှ ရခိုင်လူမှုရေးလှုပ်ရှားနေသူ ဦးမင်းစောမင်းက “သူ့ကို ဝန်ခံခိုင်းတယ်ဗျ။ သူ့လိုပဲ အရင်ကအဲဒီလိုပဲ အမှုဖွင့်ခံရတဲ့လူတွေကိုလည်း ဝန်ခံခိုင်းပြီး ဒဏ်ငွေတစ်သိန်းပေးဆောင်ခိုင်းတယ်လို့ သိရတယ်” ဟုပြောသည်။

မနန်းစိုးခိုင်နှင့်အတူ တရားစွဲခံနေရသည့် မဝင်းမေကို လာမည့် ဖေဖော်ဝါရီ ၂၁ ရက်တွင် ရုံးချိန်းခေါ်ယူထားကြောင်း သိရသည်။

ပုဒ်မ ၁၇၁(စ)သည် ထောင်ဒဏ် (၁)နှစ်ဖြစ်စေ၊ ငွေဒဏ်တစ်ရပ်ရပ်ဖြစ်စေ ချမှတ်နိုင်သည်ဟုလည်း သိရသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...