ရခိုင်ဘောလုံးသမားကောင်းများ ပြန်လည်ထွက်ပေါ်လာရေး ရခိုင်ယူနိုက်တက်ဘောလုံးသင်းက အလွတ်တန်း ဘောလုံးပြိုင်ပွဲကျင်းပမည်

ရခိုင်ဘောလုံးသမားကောင်းများ ပြန်လည်ထွက်ပေါ်လာရေး ရခိုင်ယူနိုက်တက်ဘောလုံးသင်းက အလွတ်တန်း ဘောလုံးပြိုင်ပွဲကျင်းပမည်

ရခိုင်မှ ဘောလုံးသမားကောင်းများ ပြန်လည်ထွက်ပေါ်လာရေးအတွက် အလွတ်တန်းဘောလုံးပြိုင်ပွဲတစ်ခုကို ရခိုင်ယူနိုက်တက်ဘောလုံးသင်းက ကြီးမှူးကျင်းပသွားမည်ဟု ကျင်းပရေးကော်မတီဥက္ကဋ္ဌ ကိုသန်းလှိုင်က နိရဥ္စရာကို ပြောသည်။

"ဒီလိုပွဲတွေလည်း မကျင်းပတာ အရမ်းကြာပြီလေ။ အဓိက ရည်ရွယ်ချက်ကတော့ ရခိုင်ပြည်မှာ ဘောလုံးသမားတွေ ပြန်လည်ထွက်ပေါ်လာရေးအတွက် ဖြစ်တယ်" ဟု ပြောသည်။

ပြိုင်ပွဲအတွက် လျှောက်လွှာဖောင်များကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှစ၍ ၁၉ ရက်နေ့အထိ စစ်တွေမြို့၊ ဝေသာလီဘောလုံးကွင်းရှေ့ရှိ ရခိုင်ယူနိုက်တက်ဘောလုံးသင်းရုံးခန်း၊ အာရှအားမာန်ဗီနိုင်းဆိုင်နှင့် ပြည်နယ်အာ/ကာရုံးတို့တွင် ထုတ်ပေးသွားမည်ဟု သိရသည်။

လျှောက်ထားသည့် အသင်းအရေတွက်ပေါ်မူတည်၍ ပွဲစဉ်စတင်မည့်နေ့ကို ကြေညာသွားမည်ဖြစ်ပြီး မတ်လ ပထမပတ်ကို လျာထားကြောင်း ကိုသန်းလှိုင်က ပြောသည်။

"ဒါသာ အောင်မြင်ရင် စဉ်ဆက်မပြတ်လုပ်ဖို့ အစီစဉ်ရှိတယ်။ နောက်ပိုင်း U18 တို့ U 20 တို့လုပ်ဖို့အစီစဉ်ရှိတယ်။ ပထမဆုံးခြေလှမ်းအနေနဲ့ အောင်မြင်ခဲ့ရင် ပြောတာနော်"ဟု ပြောသည်။

ပြိုင်ပွဲတွင် ဆုကြေးငွေများအဖြစ် ပထမဆု ငွေကျပ် သိန်း ၅၀၊ ဒုတိယဆု သိန်း ၃၀၊ တတိယဆု သိန်း၂၀၊ စတုတ္ထဆု သိန်း ၁၀ တို့အား ချီးမြှင့်ပေးသွားမည်ဟု သိရသည်။

အဆိုပါပြိုင်ပွဲကို ရခိုင်ယူနိုက်တက်ဘောလုံးအသင်းမှကြီးမှူးကာ ပြည်နယ်အား/ကာဌာနနှင့်ပူးပေါင်း၍ စစ်တွေမြို့၊ ဝေသာလီဘောလုံးကွင်းတွင် လာမည့်မတ်လပထမပတ်အတွင်းပြုလုပ်ရန် လျာထားကြောင်း သိရသည်။

ပြိုင်ပွဲအတွက် နယ်မှလာသည့်အားကစားသမားများကို နေရာထိုင်ခင်းစီစဉ်ပေးမည်ဖြစ်သော်လည်း ပြိုင်ပွဲကာလအတွင်း မိမိအစီအစဉ်ဖြင့်စားသောက်ရမည်ဟု သိရသည်။

နယ်ဝေးမှလာရောက်မည့် Club များအတွက် ခရီးစရိတ်ထုတ်ပေးသွားမည်ဟု သိရသည်။

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...