ရန်ကုန်မြို့တွင် ဧည့်စာရင်းတိုင်ကြားမှုကို ပိုတင်းကျပ်လာ

ရန်ကုန်မြို့တွင် ဧည့်စာရင်းတိုင်ကြားမှုကို ပိုတင်းကျပ်လာ

ရန်ကုန်မြို့တွင် ဧည့်စာရင်းတိုင်ကြားမှုများကို ပိုတင်းကျပ်လာနေပြီး စစ်ဆေးမှုကို အဆင့်ဆင့် မေးမြန်းစစ်ဆေးခြင်းများ လုပ်ဆောင်နေကြောင်း စစ်ဆေးခံရသည့် မြို့ခံထံမှ သိရသည်။

ဧည့်စာရင်းတိုင်ကြားရာတွင် လူငယ်များကို အဓိကစစ်ဆေးပြီး အမှန်တကယ်နေထိုင်ကြောင်း အနီးဝန်းကျင်နှင့် အိမ်ရှင်ထောက်ခံချက်ကိုပါ တောင်းယူနေကြောင်း ဧည့်စာရင်းသွားရောက် တိုင်ကြားရာမှာ စစ်ဆေးခံရသူများက ပြောသည်။

“နယ်က ညီဝမ်းကွဲက ကျောင်းဆက်မတက်ဖြစ်တော့ ဒီမှာ အလုပ်လာလုပ်တာ ဧည့်စာရင်းက မတိုင်ရင် ပြဿနာရှာတော့ သွားတိုင်ရတာပေါ့၊ ဘာအလုပ်လုပ်လဲဆိုတော့ ကျောင်းသားလည်းဆိုရော သူ့ကိုပါ ပြန်ခေါ်ခဲ့ဆိုပြီး ခေါ်ခိုင်းတယ် လူကိုသေချာစစ်တယ် မှတ်ပုံတင်လည်း သေချာစစ်တယ် အခုဘာလုပ်နေလဲ ဘာလဲဆိုပြီးမေးတယ်၊ ပြီးတော့ ကျွန်တော့်ကို ကျောင်းသားဖြစ်နေတဲ့အတွက် မင်းအာမခံထားရမယ် တစ်ခုခုဆို မင်းကိုလည်းဖမ်းမယ် မင်းအခန်းလည်း အသိမ်းခံရမယ်ဆိုပြီး ခြိမ်းခြောက်တယ် ဧည့်စာရင်း တစ်လစာကို တစ်သောင်းခွဲတောင်းတယ်၊ လုပ်ချင်တိုင်းကို လုပ်နေတယ်”ဟု သင်္ဃန်းကျွန်းမြို့နယ်နေထိုင်သူ တစ်ဦးကပြောသည်။

ဧည့်စာရင်းမှတ်တမ်းများကို စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် မြို့နယ်ထွေအုပ်မှ တိုင်းအဆင့်ဆင့်ပါ တင်ပြထားရကြောင်း အမည်မဖော်လိုသူ ရာအိမ်မှူးတစ်ဦးက ဆိုသည်။

“ဧည့်စာရင်းမှတ်တမ်းကို မြို့နယ်ကနေ တိုင်းအထိပါ တင်နေရတာ၊ အဲ့ဒီမှာ စရဖ(စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့)က စာရင်းကိုကိုင်တယ် ငါတို့တင်ပေးရင် လူငယ်တွေ အိမ်ရှင်မရှိဘဲ စုငှါးနေတဲ့သူတွေဆိုရင် ငါတို့က ဘေးမှာ မှတ်ချက်လိုင်းလေးတွေ တားပေးရတယ်၊ မပေးလို့မရဘူးလေ တောင်းတာကိုး၊ အဓိက နယ်တွေကနေ လူငယ်တွေချည်း လာစုနေတာဆိုရင် ဒါအရေးကြီးပဲဆိုပြီး မှတ်ချက်ပေးရတယ်၊ တစ်ယောက်ထဲနေတယ် အလုပ်မရှိဘူးဆိုရင်လည်း မှတ်ချက်ပေးရတယ်”ဟု သင်္ဃန်းကျွန်းမြို့နယ်က ရာအိမ်မှူးတစ်ဦးကပြောသည်။

စစ်ကောင်စီက ဧည့်စာရင်းမှတ်တမ်းတွေကို တင်းကျပ်နေခြင်းမှာ ရန်ကုန်မြို့အတွင်း လာရောက်တိမ်းရှောင်နေသူများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ရှာဖွေဖမ်းဆီးလိုခြင်းကြောင့် လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ တော်လှန်ရေးအင်အားစုများက မှတ်ချက်ပြုသည်။

“ဧည့်စာရင်း မတိုင်ဘဲ မနေရဲအောင် ဒီကောင်တွေက ကျပ်လိုက်တယ်၊ ပြီးတော့ ဧည့်စာရင်းမှတ်တမ်းကနေ တော်လှန်ရေးအင်အားစုတွေကို ဖမ်းဆီးနိုင်ဖို့ ဒီကောင်တွေ ပြင်လာတာ၊ စရဖ(စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့)ကို အပ်ရတယ်ဆိုထဲက နောက်ကြောင်းရာဇဝင်တွေကို လိုက်ပြီးတော့ ဖမ်းဆီးနိုင်ဖို့ လုပ်နေတာ၊ UG တွေအနေနဲ့က ယုံကြည်စိတ်ချရတဲ့ နေရာမှာပဲ နေပြီးတော့ ဒီကောင်တွေ လုပ်စေချင်တဲ့ ဧည့်စာရင်းကို ခေါင်းထဲမထည့်ဘဲနေသင့်တယ်၊ ဧည့်စာရင်းစစ်ပြီဆိုရင် သတင်းရရင်သာ တစ်နေရာထဲကို ပိတ်စစ်တာ ဒီအတိုင်းက သူတို့မစစ်နိုင်ဘူး၊ အသံနားစွင့်ပြီးတော့ သတိနဲ့နေ ရဲရဲတော်လှန်ရမှာ”ဟု ရန်ကုန်မြို့ တော်လှန်ရေးအင်အားစုတွေကို ကူညီနေသူတစ်ဦးက မှတ်ချက်ပြုသည်။

ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...