အစင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြင့် သေနတ်ပစ်သတ်လုပ်ကြံခံရပြီး သေဆုံး

အစင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြင့် သေနတ်ပစ်သတ်လုပ်ကြံခံရပြီး သေဆုံး

ရေးမြို့နယ် အစင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်အဖွဲ့ဝင် အပါအဝင် (၃) ဦးသည်  ရေးမှ အစင်သို့ အပြန်လမ်းတွင် တိုက်ခိုက်ခံရပြီး အုပ်ချုပ်ရေးမှူး ဦးမောင်မြင့်သေဆုံးကာ အခြားသူများဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်၌ပြုလုပ်သည့် နိုင်လွန်ကတ္တရာလမ်းဖွင့်ပွဲသို့ ဦးမောင်မြင့် တက်ရောက်ခဲ့ပြီး ‌ရေးမှ အစင်သို့အပြန် အဘော်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့၌ လက်နက်ကိုင်ဆောင်ထားသည့် လူတစ်စုမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှူးက ပြောသည်။

ရေးမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဇော်က “ဆိုင်ကယ်နဲ့ လိုက်ပစ်တာလို့ သိရပါတယ်ဗျ။ ပစ်သွားတဲ့အဖွဲ့အစည်းကို သေချာမသိရသေးပါဘူး။ ဒီမှာက ကရင်ရှိတယ်။ မွန်ရှိတယ်။  PDFရှိတယ်။ ရန်သူရော မိတ်ဆွေရော ရောနေတဲ့အနေအထားပါ။ အခုကျွန်တော် ဖြစ်စဥ်ဖြစ်တဲ့နေရာမှ စစ်ဆေးနေကြပါတယ်”ဟု ပြောသည်။

ရေးမြို့နယ်တွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊  မြန်မာ့တပ်မတော်၊  ဒေသကာကွယ်ရေးတပ် (PDF) အပါအဝင် အခြားသော လက်နက်ကိုင်တပ်ဖွဲ့များလည်း လှုပ်ရှားလျက်ရှိသည်။

ယင်း ပစ်ခတ်မှုကြောင့် အစင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မြင့် (၇၃) နှစ်သည် ညာဘက်ဦးခေါင်း ကျည်ဖောက်ဝင် ဒဏ်ရာ (၁) ချက်ရရှိကာ ရေးမြို့ပြည်သူ့ဆေးရုံ သို့ပို့ဆောင်စဉ် သေဆုံးခဲ့သည်။

ယင်းအပြင် ယာဉ်ပေါ်တွင် ပါရှိသည့် ပြည်သူ့စစ် အဖွဲ့ဝင် ဦးနေလတွင် ညာပေါင်မှ စအိုဝထိ စိုးရိမ်ရသော ကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ လမ်းသွားလမ်းလာများ ဖြစ်သည့် ဦးအောင်မိုးသူတွင် ဘယ်ပေါင်ကျည်ဖောက်ဝင်ဒဏ်ရာ (၂) ချက်နှင့် ဦးတေဇာမင်းတွင် ဘယ်ဒူးခေါင်း ကျည်ဖောက်ဝင် ဒဏ်ရာ (၁) ချက် အသီးသီး ဒဏ်ရာရရှိခဲ့ကြောင်း ရေးမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

အလားတူ ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်နေ ဆိုင်ကယ်ပြင်ဆရာ မွတ်စလင်ဘာသာဝင် ဦးဝင်းညွန့် (ခ) ရာဆင်ကို ဇန်နဝါရီလ ၂၄ ရက်နေ့က အမည်မသိသေနတ်သမားများမှ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ဖြစ်စဥ်များရှိခဲ့သည်။

ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...