ယခုရက်ပိုင်းအတွင်း အအေးပိုနေ၍ သက်ကြီးရွယ်အိုများနှင့် ရခိုင်စစ်ဘေးရှောင်များအခက်ကြုံနေရ

ယခုရက်ပိုင်းအတွင်း အအေးပိုနေ၍ သက်ကြီးရွယ်အိုများနှင့် ရခိုင်စစ်ဘေးရှောင်များအခက်ကြုံနေရ

ယခုရက်ပိုင်းအတွင်း အအေးပိုနေ၍ သက်ကြီးရွယ်အိုများနှင့် ရခိုင်စစ်ဘေးရှောင်များအခက်ကြုံနေရရခိုင်တွင် အယခုရက်ပိုင်းအတွင်း အအေးပိုနေသည့်အတွက် သက်ကြီးရွယ်အိုများနှင့် စစ်ဘေးရှောင်များတွင် အခက်အခဲကြုံနေရကြောင်း သိရသည်။

ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်အများအပြားခိုလှုံနေရသည့် ကျောက်တော်မြို့ရှိ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတွင် နေအိမ်အမိုးအကာမလုံခြုံမှု၊ စောင်နှင့် အနွေးထည် မလောက်ငမှုများကြောင့် သက်ကြီးရွယ်အိုများမှာ အအေးဒဏ်ကို အန်တုရန်ခက်ခဲပြီး နေမကောင်းမှုများလည်းရှိနေကြောင်း အဆိုပါစခန်းမှ အမျိုးသမီးနှင့် ကလေးတာဝန်ခံ မအေးခိုင်က နိရဥ္စရာကို ပြောသည်။

"နေမကောင်းဖြစ်သူတွေလည်း ရှိပါတယ်။ ဒီမှာအခု အရမ်းအေးတယ်။ အိမ်တွေက မလုံမခြုံတာနဲ့ လေကလည်းအရမ်းတိုက်ပါတယ်။ ဝဝတုတ်တုတ်လူတွေတောင် မခံနိုင်ဘူး။ တစ်နေကုန်မီးလှုံနေရတယ်။ အနွေးထည်နဲ့ စောင်တွေအဓိကလိုအပ်နေပါတယ်"ဟု ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့်ဇန်နဝါရီလ ၂၅ ရက်မှစတင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁ ရက်အထိ အအေးဒဏ်ကို သိသိသာသာပိုမိုခံစားလာရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

တောင်ကုန်း၊ တောင်တန်းနှင့် တောတောင်ထူထပ်သည့်နေရာများတွင် မြို့ပေါ်ဒေသထက် အအေးပိုများသည်ဟုလည်း ဆိုကြသည်။

အမ်းမြို့ ပဲပဒုံစစ်ဘေးရှောင်စခန်းမှ စခန်းတာဝန်ခံကိုသန်းချိုက "အဖိုးကြီး၊ အဖွားကြီးတွေကတော့ အချမ်းပိုတော့ ပုံမှန်အချိန်တွေလို အိပ်မပျော်ဘူးပေါ့။ မိုးမလင်းခင်ထပြီး မီးလှုံတာတွေဘာတွေလုပ်ကြတယ်။ တချို့ကျတော့ အနွေးထည်နဲ့ စောင်တွေကလုံလောက်တယ်။ တချို့ကျ မလုံလောက်ဘူး။ ပြင်းပြင်းထန်ထန်ကြီးမဟုတ်ပေမယ့် နှာစေးချောင်းဆိုးဖြစ်ကြတယ်"ဟု ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဖေဖော်ဝါရီလ ၁ ရက်တိုင်းထွာချက်အရ စစ်တွေမြို့တွင် 17  ံC  မှ 25  ံC  ကြား၊ သံတွဲမြို့တွင် 11  ံC  မှ 25  ံC  ကြား၊ တောင်ကုတ်မြို့တွင် 5  ံC မှ 22  ံC ကြား၊ ကျောက်တော်မြို့တွင် 5  ံC  မှ 20  ံC  ကြားနှင့် မြောက်ဦးမြို့တွင် 5  ံC  မှ 23  ံC  ကြားရှိနေကြောင်း သိရသည်။

ယင်းအနက် ကျောက်တော်မြို့သည် ဇန်နဝါရီလ ၃ဝ ရက်က အပူချိန် 5  ံC  အထိရောက်ရှိခဲ့ကာ အနိမ့်ဆုံးအပူချိန်စံချိန်သစ်ကို ရောက်ရှိခဲ့ကြောင်း မိုး/ဇလက ထုတ်ပြန်ခဲ့သည်။

လာနီညာရာသီဥတုသက်ရောက်မှုရှိသည့် ရခိုင်တွင် ကျောက်တော်၊ ဘူးသီးတောင်၊ စစ်တွေ၊ မြောက်ဦး၊ သံတွဲ၊ တောင်ကုတ်နှင့် အမ်းမြို့နယ်တို့တွင် အအေးပိုလျက်ရှိကြောင်း စစ်တွေရှိ မိုးဇလညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းအေးကျော်က နိရဥ္စရာကို ပြောသည်။

ဓာတ်ပုံ - အေးမြတ်ခိုင် / နိရ ဉ္စရာ

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...