ဖယ်ခုံမြို့ စစ်ကောင်စီကင်းစခန်းတစ်ခု ဝင်ရောက်တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် ကျဆုံးသူအများအပြားရှိ

ဖယ်ခုံမြို့ စစ်ကောင်စီကင်းစခန်းတစ်ခု ဝင်ရောက်တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် ကျဆုံးသူအများအပြားရှိ

ဖယ်ခုံမြို့၊ ကုန်းဆုံကျေးရွာအနီး ထိုင်တော်မူဘုရားမှာ စစ်ကောင်စီကင်းစခန်းကို ဒီကနေ့ (ဇန်နဝါရီလ ၂၉ရက်) မနက်အစောပိုင်းမှာ ဖယ်ခုံPDFနဲ့ KNDF ပူးပေါင်းတပ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲ့ ဗိုလ်ကြီးတစ်ဦးအပါအဝင် (၁၀)ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ ဖယ်ခုံ PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဗိုလ်ကြီး စိုးနိုင်ပါသွားတယ်ဆိုတာကတော့ သေချာတဲ့သတင်း comfrimဖြစ်နိုင်တယ်။ ဒီ ဆယ်ယောက်တော့ အနည်းဆုံးကျနိုင်တာပေါ့။ ကျနော်တို့ ကြည့်ရတာကတော့လေ။ “လို့ ဖယ်ခုံ PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဖယ်ခုံအခြေစိုက် စစ်ကောင်စီတပ်ရင်းတစ်ခုဖြစ်တဲ့ (ခမရ-၄၂၁)တပ်ရင်းက DSA ၄၉ဆင်း ဗိုလ်ကြီး စိုးနိုင်အပါအဝင် (၁၀)ဦးထက်မနည်း သေဆုံးတယ်လို့ ဖယ်ခုံ pdf က ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ မနက်ပိုင်း ၆နာရီဝန်းကျင်မှစ ၉နာရီဝန်းကျင်အထိ ၃နာရီနီးပါးတိုက်ပွဲဖြစ်ပွားခဲ့ပြီး ၈နာရီ ၅၀မိနစ်မှာ စစ်ကောင်စီဖက်က တိုက်လေယာဉ်နှစ်စင်းနဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါတိုက်ပွဲမှာ ဖယ်ခုံ PDF တပ်ဖွဲ့ဝင် သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဖယ်ခုံ PDF တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

“ တစ်ယောက်ကတော့ ကျောမှာနည်းနည်းထိသွားတာပေါ့နော။ ကျောမှာထိတဲ့တစ်ယောက်က ဒဏ်ရာတော့ နည်းနည်းပြင်းတယ်ပေါ့နော။နောက်တစ်ယောက်ကတော့ ဒီအတိုင်းပွန်းရုံပဲ့ရုံလောက်ပဲဗျ။ သေနတ်မှန်တဲ့ ဒဏ်ရာမျိုးတော့ မဟုတ်ဘူး။ ဒဏ်ရာအသေးစားပဲ ဘာမှ စိုးရိမ်စရာမရှိဘူးပေါ့နော။ နောက်တစ်ယောက်က လက်နက်ကြီးပစ်လိုက်တဲ့အခါကျတော့ ဆံပင်မွေးမီးလောင်တဲ့ ဒဏ်ရာတစ်ယောက် လူကတော့ ဘာမှမဖြစ်ပါဘူး။ ခေါင်းမှာပဲ ဆံပင်မွေးမီးလောင်သွားတယ်။ “ လို့ သူကဆက်ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့အနီးအနားကျေးရွာက ဒေသခံအများအပြားလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဖယ်ခုံမြို့နယ်အတွင်းမှာ အမှတ်(၇) စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် (စကခ-၇)၊ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ -၄၂၇၊ ခမရ-၃၃၆ အခြေစိုက်ထားပါတယ်။

ယမန်နေ့ (ဇန်နဝါရီ ၂၈ရက်) မှာဆိုရင်လည်း လွိုင်ကော်မြို့ ကုန်းဆွတ်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...
May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...
May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...