ထိုင်းနိုင်ငံတွင် တရားမဝင်အလုပ်သမားကားတိမ်းမှောက်၍ ၅ ဦးသေဆုံးသည့်အထဲတွင် ရခိုင်နှစ်ဦးပါဝင်

ထိုင်းနိုင်ငံတွင် တရားမဝင်အလုပ်သမားကားတိမ်းမှောက်၍ ၅ ဦးသေဆုံးသည့်အထဲတွင် ရခိုင်နှစ်ဦးပါဝင်

တရားမဝင် မြန်မာအလုပ်သမားများလိုက်ပါသည့် မော်တော်ယာဉ် တစ်စီး ထိုင်းနိုင်ငံတွင် တိမ်းမှောက်မှုဖြစ်ပွား၍  ၅ဦးသေဆုံးသွားပြီး ထိုအထဲတွင် ရခိုင်အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ပါဝင်သည်ဟု သတင်းရရှိသည်။

အဆိုပါ သတင်းကို ယနေ့ ပေါ်ပြူလာသတင်းက ဖော်ပြခဲ့ရာမှ  ရခိုင် အမျိုးသားတစ်ဦးဖြစ်သူ  ဦးအောင်ရွှေဝင်း (အသက်-၃၈ နှစ်) ၊ (ဖ)ဦးအောင်သာဇံ၊ ကြိမ်သာကျေးရွာ၊ ရသေ့တောင်မြို့နယ် မှာ သေဆုံးသူဟု ယူဆရပြီး ကျန်သေဆုံးသူတစ်ဦးမှာ  မခင်မာနွယ်( အသက် ၂၇ နှစ်) ၊ (ဖ) ဦးဖိုးညွှန့်၊ ရသေ့တောင်မြို့နယ်၊ ရခိုင်ပြည်နယ်တို့ဖြစ်ကြောင်း  အလုပ်သမားသံအရာရှိရုံး  ထုတ်ပြန်ချက်ကို ကိုးကားဖော်ပြထားသည်။

နောက်ရခိုင်အမျိုးသမီး တစ်ဦးမှာလည်း ဆေးရုံတက်နေရပြီး ၎င်းအမျိုးသမီးမှာ မဝင်းလှဖြူ(အသက်-၄၃ နှစ်၊) (ဖ) ဦးအောင်ကျော်စိန်၊ ကွမ်းတောင်ရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်ဟု ဖော်ပြထားသည်။

ကျန်သေဆုံးသူများမှာ  ဖြူးမြို့နယ်၊ ဝေါမြို့နယ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်တို့ဖြစ်ကြသည်ဟု  သတင်းတွင်  ဖော်ပြထားသည်။

၎င်းကားသည် ထိုင်းနိုင်ငံကန်ချနဘူရီပြည်နယ်အတွင်း ဇန်နဝါရီ ၂၀ရက်က ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး  မြန်မာလုပ်သား ၅ဦး သေဆုံး ခဲ့ရကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိက ပြောသည်ဟု ဖော်ပြထားသည်။

ဇန်နဝါရီ ၂၀ ရက်နေ့က ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်အတွင်း အမှတ် ၃၂၃ လမ်းမကြီး၊ သွန်ဖာဖမ် ခရိုင်မှ တရားမဝင်အလုပ်သမား များ တင်ဆောင် လာသည့် ပစ်ကပ်မော်တော်ယာဉ်သည် ဆိုင်ရို့ခရိုင်သို့ မောင်းနှင်လာစဉ် စစ်ဆေးရေးဂိတ် အခြေအနေအရ သွန်ဖာဖမ်ဘက်သို့ ပြန်လှည့်ခဲ့ပြီးနောက် ဆယ်ဘီး ကားအား နောက်မှ ဝင်တိုက်၍ ဟန်ချက် ပျက်တိမ်းမှောက်ခဲ့ရာမှ တဆင့် ယာဉ်ပေါ်ပါ အလုပ်သမား ကျား ၄ ဉီး၊ မ ၆ ဦးအနက် ၅ ဦး သေဆုံးခဲ့ပြီး သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ရန် မိသားစုများနှင့် ဆက်သွယ်နိုင်ရေး လိုအပ်လျှက်ရှိပြီး သင်္ဂြိုဟ်နိုင်ရေး ဆောင်ရွက်နေရာတွင် သေဆုံးသွားသူတို့မှာ မြန်မာလုပ်သားများ ဖြစ်နေသည်ကို စိစစ်တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟုဆိုသည်။

ပေါ်ပြူလာသတင်းတွင် ဖော်ပြထားသည့် သေဆုံးသူနှင့် ဒဏ်ရာ ရရှိသူများစာရင်း

ယာဉ်တိမ်းမှောက်ရာတွင် ပါဝင်သည့် အမည်စာရင်းစိစစ်ချက်အရ(၁) မောင်သက်နိုင်ဖြိုး(သေဆုံးသူ သို့မဟုတ် ဆေးရုံတက်နေသူဟု ယူဆရ၊ အသက်-၂၀ နှစ်၊ ဖခင်-ဦးလှဆန်း၊ ကျီးရိုး ကျေးရွာအုပ်စု၊ ဖြူးမြို့နယ်)

(၂) မောင်နိုင်ဝင်းစိုး(သေဆုံးသူဟု ယူဆရ၊ အသက်-၃၃ နှစ်၊ ဖခင်-ဉီးလှဆန်း၊ ကျီးရိုး ကျေးရွာအုပ်စု၊ ဖြူးမြို့နယ်)

(၃) ဉီးအောင်ရွှေဝင်း(သေဆုံးသူဟု ယူဆရ၊ အသက်-၃၈ နှစ်၊ ဖခင်-ဉီးအောင်သာဇံ၊ ကြိမ်သာကျေးရွာ၊ ရသေ့တောင်မြို့နယ်)

(၄) မောင်စောလဝန်းဇော်(သေဆုံးသူ သို့မဟုတ် ဆေးရုံတက်နေသူဟု ယူဆရ၊ အသက်-၁၇ နှစ်၊ ဖခင်-ဉီးအစိုး၊ မရိကလပ်ကျေးရွာ၊ ကြာအင်းဆိပ်ကြီးမြို့)

(၅) မဝင်းလှဖြူ(ဆေးရုံတက်နေဟု ယူဆရ၊ အသက်-၄၃ နှစ်၊ ဖခင် ဉီးအောင်ကျော်စိန်၊ ကွမ်းတောင်ရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်)

(၆) မသူဇာဝင်း(ကျန်းမာလျှက်ရှိ၊ အသက်-၃၉ နှစ်၊ ဖခင် ဉီးဝင်းမြင့်၊ ကျီးရိုးရွာ၊ ကျီးရိုး အုပ်စု၊ ဖြူးမြို့နယ်)

(၇) မဇင်မာဝင်း(ဘယ်လက်ဖျံကျိုး၊ အသက်-၂၉ နှစ်၊ ဖခင် ဉီးချစ်မောင်၊ ထိန်တပင်၊ ဝေါမြို့နယ်)

(၈) မအေးသန္တာ(ကျန်းမာလျှက်ရှိ၊ အသက်-၁၈ နှစ်၊ အထောက်အထားမရှိ၊ ထိန်တပင်၊ ဝေါမြို့နယ်)

(၉) အမျိုးသမီးတစ်ဉီး(မည်သူမည်ဝါ မဖော်ထုတ်နိုင်သေးပါ)

(၁၀) မခင်မာနွယ်(သေဆုံးသူ၊ အသက် ၂၇ နှစ်၊ ဖခင် ဉီးဖိုးညွှန့်၊ ရသေ့တောင်မြို့နယ်၊ ရခိုင်ပြည်နယ်)တို့ဖြစ်သည်ဟု အလုပ်သမားသံအရာရှိရုံးကထုတ်ပြန်ထားသည်။

မြန်မာအလုပ်သမားသံအရာရှိရုံးအနေဖြင့် မော်တော်ယာဉ်တွင် လိုက်ပါခဲ့သူများ၏ ခရီးဆောင်အိတ် များမှ တစ်ဆင့် အထောက်အထားများ ရရှိခဲ့ပြီး ကန်ချနဘူရီ လူမှုကယ်ဆယ်ရေး ဖောင်ဒေးရှင်း တွင် ထားရှိသော သေဆုံးသူများ၏ ရုပ်အလောင်းများကိုပါ စိစစ်ခဲ့ရာ အချို့ကို မည်သူ မည်ဝါ ဖြစ်ကြောင်း ဖော်ထုတ်ရန် ခက်ခဲနေဆဲဖြစ်သည်ဟုသိရသည်။

သေဆုံးသူ၏ မိဘ၊ ဇနီး/ခင်ပွန်း၊ သားသမီးများ လျော်ကြေးရရှိနိုင်ရေး မြန်မာအလုပ်သမားသံအရာရှိရုံးကဆက်လက်ဆောင်ရွက် ပေးသွားမည် ဟုသိရှိရသည်ဟု ဖော်ပြထားသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...