ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲပြင်းထန်လျက်ရှိပြီး တစ်ရက်ထဲမှာ စစ်ကောင်စီက ရဟတ်ယာဥ်ဖြင့် (၃) ကြိမ်လာရောက်ပစ်ခတ်ခဲ့

ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲပြင်းထန်လျက်ရှိပြီး တစ်ရက်ထဲမှာ စစ်ကောင်စီက ရဟတ်ယာဥ်ဖြင့် (၃) ကြိမ်လာရောက်ပစ်ခတ်ခဲ့

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့ စံပြ၆မိုင်အုပ်စုမှာ ဇန်နဝါရီလ ၂၄ရက်နေက တစ်နေကုန် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် (၃)ကြိမ်လာရောက်ပစ်ခတ်ခဲ့တယ်လို့ KNDF က ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ထိခိုက်ကျဆုံးမှုများပြားခဲ့တဲ့ စစ်ကောင်စီဟာ ရဟတ်ယာဉ်အသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် ရဲဘော်တစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ကရင်နီတပ်မတော် (KA)၊ KNDF နှင့် PDF ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့  တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့နယ်နဲ့ လွိုင်ကော်မြို့နယ်မှာ တိုက်ပွဲပြင်းထန်တာ ၅ရက်ဆက်တိုက်ရှိနေပြီဖြစ်ပြီး စစ်ကောင်စီက အင်တာနက်ဖြတ်တောက်မှုတွေလည်း ပြုလုပ်နေပါတယ်။

အရပ်သားပြည်သူတွေကို စစ်တပ်ယူနီဖောင်းများ ဝတ်ခိုင်းပြီး လမ်းပြအဖြစ်ခေါ်ယူခြင်း၊ လူသားဒိုင်းသုံးခြင်း၊ ပြည်သူ့အိုးအိမ်တွေကို မီးရှို့ဖျက်စီးခြင်း၊ ဖောက်ထွင်းခိုးယူခြင်း စတဲ့  စစ်ရာဇဝတ်မှုများကို ကျူးလွန်သည်သာမက ပြည်သူတွေရဲ့ အသက်ရှင်ရပ်တည်ရေးအတွက် အဓိကလိုအပ်သော ရိက္ခာတွေကို ဖျက်စီးခြင်းသည် လူသားမျိုးနွယ်များအ‌ပေါ် ရာဇဝတ်မှုကျူးလွန်ခြင်းကို ချိုးဖောက် ကျူးလွန်နေခြင်းပင်ဖြစ်တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

August 17, 2026
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်မှု...
ဓာတ်ပုံ - ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရှိ ဆေးပေးခန်း (ပုံဟောင်း)
August 17, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်...
August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...