မဖွယ်မရာဗွီဒီယိုဖိုင်အား လူမှုကွန်ရက်ပေါ်တင်ရန် ခြိမ်းခြောက်ရာမှ တောင်ကုတ်မြို့တွင် လူသတ်မှုဖြစ်ပွား

မဖွယ်မရာဗွီဒီယိုဖိုင်အား လူမှုကွန်ရက်ပေါ်တင်ရန် ခြိမ်းခြောက်ရာမှ တောင်ကုတ်မြို့တွင် လူသတ်မှုဖြစ်ပွား

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ဇန်နဝါရီ ၁၉ ရက်နေ့က LGBT (လိင်စိတ်ခံယူမှုကွဲပြားသူ) အမျိုးသားတစ်ဦးမှ မဖွယ်မရာ ရိုက်ယူထားသည့် ဗွီဒီယိုဖိုင်အား လူမှုကွန်ရက်ပေါ်တွင်ရန် ခြိမ်းခြောက်ရာမှ လူသတ်မှု ဖြစ်ပွားခဲ့ပြီး ခြိမ်းခြောက်သူမှာ ဓားထိုးခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ပဲခူးတိုင်းဒေသကြီးမှ ကိုဇော်သက်ထွေး(၃၁)နှစ်ဖြစ်ပြီး လက်ရှိတွင် မအီမြို့အမှတ်(၂) ရပ်ကွက်တွင်နေထိုင်ပြီး ဖုန်းငွေဖြည့်ကဒ်၊ SIM ကဒ်များရောင်းချသူဖြစ်သည်ဟု သိရသည်။

အဆိုပါ ကိုဇော်သက်ထွေး၏ အလောင်းအား ယမန်နေ့ ဇန်နဝါရီ ၂ဝ ရက်နေ့ ညနေ ၃ နာရီခန့်တွင် တောင်ကုတ်မြို့ ဂရုဏာဆည်တောင်ပေါ်တွင် တွေ့ရှိခဲ့သည်ဟု ရဲက ပြောသည်။

လူသတ်မှု ကျူးလွန်သူ သင်္ကာမကင်း ဖြစ်ခံရသူ မအီမြို့အမှတ်(၄) ရပ်ကွက်၊ ပြင်ဝန်းရွာနေ ကိုသန်းဝင်းဖြိုး(၂ဝ)နှစ်ကိုလည်း မနေ့က ညနေပိုင်း ၇ နာရီခန့်တွင် ဖမ်းဆီးမိခဲ့သည်ဟု တောင်ကုတ်မြို့မရဲစခန်းမှ ရဲအုပ် ခင်မောင်ဆန်းက ပြောသည်။

“သူကသတ်တယ်လို့ဝန်ခံတယ်။ သေဆုံးတဲ့ကိုဇော်သက်ထွေးက သူဆန္ဒရှိတဲ့အချိန် ဒီသတ်တဲ့ ကောင်လေးကိုခေါ်တယ်လို့ ပြောတယ်။ မလာရင်  အမြဲတမ်းအကြပ်ကိုင်တယ်။ သူခေါ်တဲ့ အချိန် မလာရင် အရင်က ရိုက်ထားတဲ့ မဖွယ်မရ ဗွီဒီယိုဖိုင်ကို လိုင်းပေါ်တင်မယ်ဆိုပြီးပေါ့။ တစ်နှစ်ကျော်လောက် အဲလိုခံစားလာရတာတဲ့။ ဘယ်လိုမှ သည်းမခံနိုင်တဲ့အဆုံး အဲဒီတောင်ပေါ်ကို ခေါ် ဓားနဲ့ထိုးသတ်လိုက်တာလို့ဆိုတယ်။ စိတ်ချရတဲ့ အနေအထား ဖြစ်လောက်မှ ဂရုဏာတောင်က လမ်းလျှောက်ပြန်ခဲ့တယ်လို့ဆိုတယ်။ ကျွန်တော်တို့ က သက်သေတချို့သွားရှာနေတယ်” ဟု ရဲအုပ်က ပြောသည်။

သေဆုံးသူတွင် လည်ပင်းနှင့် လည်ကုတ်တို့တွင် ဓားဖြင့် ထိုးသွင်းဒဏ်ရာများနှင့် သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလူသတ်မှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူဟု ယူဆရသူ ကိုသန်းဝင်းဖြိုးအား ၂၈ နာရီအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး တောင်ကုတ်မြို့မရဲစခန်းမှရာဇသတ်ကြီးပုဒ်မ ၃ဝ၂(လူသတ်မှု)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း ၎င်းရဲအရာရှိ၏ ပြောပြချက်အရ သိရသည်။

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...