ရခိုင်သူ မမီကိုခန့် Dr. Face Brand Model 2020 Winner နှင့် Miss Popular Award ဆုရရှိ

ရခိုင်သူ မမီကိုခန့် Dr. Face Brand Model 2020 Winner နှင့် Miss Popular Award ဆုရရှိ

ရန်ကုန်မြို့ရှိ Novotel Hotel တွင် ဇန်နဝါရီလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သော ၂ဝ၂ဝ အတွက် Dr. Face Brand Model ပြိုင်ပွဲတွင် ရခိုင်သူ မမီကိုခန့်က Winner ဆုနှင့် Miss Popular Award ဆုတို့ကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

မမီကိုခန့်အနေဖြင့် ပထမဆုံးအနုပညာလှုပ်ရှားမှုတွင် ယင်းကဲ့သို့ Winner ဆုကို ရရှိခဲ့ခြင်းဖြစ်ပြီး ထိုဆုကို ရရှိရန်အတွက် စိတ်ဝင်တစားနှင့် ကြိုးစားလုပ်ကိုင်ခဲ့ရ၍ ဆုရရှိခြင်းအပေါ် ပျော်ရွှင်ရကြောင်း နိရ ဉ္စရာကို ပြောသည်။

“Dr. Face မှာက ပထမဆုံးအနေနဲ့ Camp ဝင်ရပါတယ်။ အဲဒီမှာ ပထမဆုံးအနေနဲ့ သူ့ရဲ့ Products တွေကို ကြော်ငြာရတယ်။ ရန်ကုန်တစ်မြို့လုံးကို ပတ်ပြီးတော့ Dr. Face ရဲ့ဆိုင်ခွဲတိုင်းမှာ အချိန်သတ်မှတ်ပြီးတော့ ဓာတ်ပုံတွေရိုက်တာတွေ အဲလိုပုံစံမျိုး ကြိုးစား ခဲ့ရတယ်။ ပြီးတော့ စင်ပေါ်မှာ မော်ဒယ်လျှောက်ပြီးမှ ဒီဆုကိုရတာပါ။ ဒီဆုကို ယုံကြည်စွာနဲ့ပေးခဲ့တဲ့အတွက်လည်း အရမ်းပျော်ပါတယ်” ဟု ပြောသည်။

ထိုပြိုင်ပွဲတွင် ပထမဆုံးအဆင့် ပြိုင်ပွဲဝင်ဦးရေ (၂၀၀) ဦးအထိရှိခဲ့ပြီး နောက်ဆုံး Final တွင် အမျိုးသားမော်ဒယ် (၂၅) ဦးနှင့် အမျိုးသမီးမော်ဒယ် (၂၅) ဦးတို့ ယှဉ်ပြိုင်ခဲ့ကြရာမှ ယခုကဲ့သို့ ဆုများရရှိခဲ့ခြင်းဖြစ်ကြောင်း မမီကိုခန့်က ပြောသည်။

အလှကုန် Brand တစ်ခုဖြစ်သည့် Dr. Face အလှကုန်ပစ္စည်းကုမ္ပဏီသည် ၄င်း၏ကုမ္ပဏီအတွင်းတွင် နှစ်စဉ်နှစ်တိုင်း Miss ပြိုင်ပွဲများကို သီးသန့်ကျင်းပပေးကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်အတွက်ပွဲကို ကိုဗစ် ၁၉ အရေးပေါ်ထုတ်ပြန်ချက်များကြောင့် ရပ်နားထားခဲ့ရသည့်အတွက် ယခုနှစ်တွင် ကိုဗစ်စည်းကမ်းနှင့်အညီ ပရိတ်သတ်မပါဘဲ ပြန်လည်ပြုလုပ်ခဲ့ရသည်ဟု Dr. Face Skin Care Products လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

လက်ရှိတွင် မမီကိုခန့့်အနေဖြင့် အနုပညာလှုပ်ရှားမှုများအဖြစ် skin care နှင့်သက်ဆိုင်သည့် အလှဓာတ်ပုံရိုက်ခြင်းများကိုလုပ်ဖြစ်နေပြီး PLUX TV နှင့်လည်း ဇာတ်လမ်းတွဲများ ရိုက်ရန်ရှိသည်ဟု ဆိုသည်။

Dr. Face skin care Brand နှင့်လည်း ရှေ့ဆက်လက်တွဲလုပ်ဆောင်သွားမည်ဟုလည်း ပြောသည်။

“မီကိုကိုအားပေးနေတဲ့သူတွေအပါအဝင် ကိုယ့်ရခိုင်ကလူတွေကိုလည်း အရမ်းချစ်ရပါတယ်။ အားပေးကြတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ရန်ကုန်ကိုရောက်လို့ လမ်းမှာတွေ့ရင်လည်း ရခိုင်အချင်းအချင်းဆိုရင် အမြဲနုတ်ဆက်ပါတယ်။ မီကို ကိုတွေ့ရင်လည်း နုတ်ဆက်ကြပါ” ဟု ပြောသည်။

မမီကိုခန့်ကို ၁၉၉၈ ခုနှစ်တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ မွေးဖွားခဲ့ခြင်းဖြစ်ပြီး အနုပညာလှုပ်ရှားမှုများကို ၂၀၁၉ ခုနှစ်မှ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - မီကိုခန့် facebook

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...