ကျိုက်မရောမြို့တွင် မိုင်းပေါက်ကွဲမှုကြောင့် အသက် (၈) နှစ်အရွယ် မိန်းကလေးငယ်သေဆုံး

ကျိုက်မရောမြို့တွင် မိုင်းပေါက်ကွဲမှုကြောင့် အသက် (၈) နှစ်အရွယ် မိန်းကလေးငယ်သေဆုံး

ကျိုက်မရောမြို့ပေါ်တွင် မိုင်းပေါက်ကွဲမှုကြောင့် အသက် (၈) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ယနေ့သေဆုံးခဲ့ကြောင်း မြို.ခံများ၏ ပြောကြားချက်အရ သိရသည်။

ရန်မျိုးအောင်ရပ်ကွက် ပင်လုံလမ်းနှင့် ဘောလုံးကွင်း အနောက်လမ်းထောင့်ရှိ အမှိုက်ပုံတွင် ယမန်နေ့ (ဇန်နဝါရီ ၁၈ ရက်) နံနက် ၆ နာရီခန့်က အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အမှိုက်လာပစ်စဉ် မိုင်းပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

"ကလေးမလေးမှာ ဒဏ်ရာလည်း ပြင်းပြင်းထန်ထန်ရသွားတယ်လို့ သိရပါတယ်။ သူ့ကို ကျိုက်မရောမြို့နယ်ဆေးရုံကနေတဆင့် မော်လမြိုင်ဆေးရုံကြီးကို ပို့ဆောင်လိုက်ရတယ်” ဟု ၎င်းက ပြောသည်။

ပေါက်ကွဲမှုကြောင့် အဆိုပါ မိန်းကလေးငယ်တွင် ယာဘက် မျက်နှာတစ်ခြမ်းစုတ်ပြတ်ဒဏ်ရာ၊ ယာဘက်လက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ နှင့် ဝဲဘက်လက်ချောင်းများ ပြတ်ရှဒဏ်ရာများ ဖြင့် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ဆောင်ခဲ့ရာတွင် ရရှိထားသော ဒဏ်ရာကြောင့် ယနေ့နံနက် ၁၁ နာရီ အချိန်ခန့်က သေဆုံးခဲ့ခြင်းဖြစ်သည်။

အလားတူ လွန်ခဲ့သည့်ည (ဇန်နဝါရီ ၁၈ ရက်) က မြို့နယ်လျှပ်စစ်ရုံး၌ မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းတစ်လုံးတွေ့ရှိခဲ့ပြီး ဇန်နဝါရီလ (၁၆) ရက် ညပိုင်းကလည်း ချောင်းနှစ်ခွကျေးရွာအတွင်း ဗုံးပေါက်ကွဲခဲ့သော်လည်း လူထိခိုက်မှုနှင့် အဆေက်အဦး ထိခိုက်ပျက်ဆီးမှုများ မရှိခဲ့ကြောင်း သိရသည်။

August 10, 2026
မွန်ပြည်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက်...
August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...
August 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေဖြူ - ကလိန်အောင် ကားလမ်းပိုင်းရှိ ကျောက်ကဒင်ကျေးရွာ...
August 6, 2026
မွန်ပြည်၊ ဘီးလင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး၏ ညီဖြစ်သူအပါအဝင် လူငယ် ၇ ဦးကို စစ်တပ်၊...