စက်သုံးဆီ ဈေးနှုန်းများ ပြန်လည်မြင့်တက်လာ

စက်သုံးဆီ ဈေးနှုန်းများ ပြန်လည်မြင့်တက်လာ

မွန်ပြည်နယ်အတွင်း စက်သုံးဆီ ဈေးနှုန်းများ ဇန်နဝါရီ ပထမအပတ်မှ စတင်ကာ ပြန်လည်မြင့်တက်လာခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက်က အောက်တိန်း  95 တစ်လီတာ ၁၅၂၅ ကျပ်  ၊ 92 တစ်လီတာ ၁၄၂၅ ကျပ်   ၊ ဒီဇယ် တစ်လီတာ ၁၄၁၅ ကျပ်  နှင့် ပရီမီယံ တစ်လီတာ  ၁၅၃၀ ကျပ်သာ ဈေးနှုန်းရှိခဲ့ကြောင်း မော်လမြိုင်ကုန်စည်ဒိုင် ထုတ်ပြန်ချက်အရ သိရသည်။

မော်လမြိုင်မြို့နယ်မှ မုန့်လုပ်ငန်ရှင်တစ်ဦးက "အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကုန်ဈေးနှုန်း ဆီဈေး ရွှေဈေး အကုန်တက်လာတာပါ။ ဆီဈေး တက်လာတာကျတော့ အကုန် ထိခိုက်ပါတယ်။ မီးကလည်းအမြဲမလာဘူး။ ကျွန်တော်တို့ လုပ်ငန်းက လုပ်ရမှာ အဲတော့ မီးစက်နဲ့လုပ်တယ်။ ဆီဈေးတွေက တက်နေတော့ ဘယ်လိုမှ အဆင်မပြေဘူး။ ကုန်ကျစရိတ်က ပိုပိုများလာတာပေါ့"ဟု ပြောသည်။

ဇန်နဝါရီ ပထမအပတ်တွင် အောက်တိန်း 95 တစ်လီတာ ၁၅၅၅ ကျပ်  ၊ 92 တစ်လီတာ ၁၄၆၀ ကျပ်  ၊ ဒီဇယ် တစ်လီတာ ၁၅၃၅ကျပ်  နှင့် ပရီမီယံ ဒီဇယ် တစ်လီတာ  ၁၅၅၀ကျပ် ထိ မြင့်တက်လာခဲ့သည်။

ဇန်နဝါရီ ဒုတိယ အပတ်တွင် အောက်တိန်း 95 တစ်လီတာ ၁၆၄၅ကျပ်  ၊ 92 တစ်လီတာ ၁၅၄၅ ကျပ်  ၊ ဒီဇယ် တစ်လီတာ ၁၅၅၅ကျပ်  နှင့် ပရီမီယံ ဒီဇယ် တစ်လီတာ  ၁၅၇၀ကျပ် ထိ ထပ်မံ မြင့်တက်လာခဲ့သည်။

မော်လမြိုင်မြိုနယ်မှ သုံးဘီး Taxi မောင်းသူ တစ်ဦးက "ဆီက သုံးထောင်ဖိုး ထည့်ထားလည်း ဘယ်လောက်မှ မရဘူး။ အရင်ကဆို ဆီဈေးအမြင့်ဆုံးက တစ်ထောင်ကိုမှ နည်းနည်းကျော်တာလေးပဲ။ အခုက ၁၆၀၀၊ ၁၅၀၀ ဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူး။ တစ်နေ့နဲ့ တစ်နေ့ ပြန်ကျတာထက် တက်တက်လာတယ်"ဟု ပြောသည်။

ပြည်တွင်း စက်သုံးဆီ ဈေးနှုန်း မြင့်တက်လာသောကြောင့် Taxi ပို့ဆောင်ရာမှာ အခက်အခဲ ဖြစ်နေကြောင်း ဆက်ပြောသည်။

စက်သုံးဆီဈေးနှုန်း မြင့်တက်လာသော်လည်း ခရီးသည်တင်ပို့ခကို ပိုတောင်းလေ့မရှိသောကြောင့် Taxi မောင်းသူများ အဆင်မပြေဖြစ်လာကြောင်း ထပ်ပြောသည်။



ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် စက်သုံး‌ဆီဈေးနှုန်းသည် အောက်တိန်း 95 တစ်လီတာ ၆၈၀ ကျပ်  ၊ 92 တစ်လီတာ ၇၃၀ကျပ်  ၊ ဒီဇယ် တစ်လီတာ ကျပ် ၆၅၀  နှင့် ပရီမီယံ ဒီဇယ် တစ်လီတာ  ၇၇၀ကျပ် သာ ဈေးနှုန်းရှိခဲ့သည်။

August 10, 2026
မွန်ပြည်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက်...
August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...
August 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေဖြူ - ကလိန်အောင် ကားလမ်းပိုင်းရှိ ကျောက်ကဒင်ကျေးရွာ...
August 6, 2026
မွန်ပြည်၊ ဘီးလင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး၏ ညီဖြစ်သူအပါအဝင် လူငယ် ၇ ဦးကို စစ်တပ်၊...