စစ်မှုမထမ်းမနေရ ဥပဒေကျင့်သုံးမည်ဆိုပါက လူထုလက်ခံမှု လက်မခံမှုအပေါ်မူတည်ဟုပြော

စစ်မှုမထမ်းမနေရ ဥပဒေကျင့်သုံးမည်ဆိုပါက လူထုလက်ခံမှု လက်မခံမှုအပေါ်မူတည်ဟုပြော

မြန်မာနိုင်ငံတွင် စစ်မှုမထမ်းအနေရ ဥပဒေကျင့်သုံးမည်ဆိုပါက ပြည်သူလူထု၏ လက်ခံမှု၊ လက်မခံမှုအပေါ် မူတည်ကြောင်း အပစ်ရပ် (၁၀) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ပြောခွင့်ရပုဂ္ဂိုလ် ခွန်မြင့်ထွန်းက ပြောသည်။

နိုင်ငံ၏ ကာကွယ်ရေး၊ လုံခြုံရေးအခြေအနေအရ စစ်မှုမထမ်းမနေရ ဥပဒေကျင့်သုံးရန် လိုအပ်လာပါက လက်တွေ့ရှိပြီးသား ဥပဒေဖြစ်ကြောင်း ဇန်နဝါရီ ၁၄ ရက်က ပြုလုပ်သည့် နစက၏ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ခွန်မြင့်ထွန်းက “ကျနော်တို့ကတော့ NCA မှာ ကျနော်တို့ သဘောတူထားတာကတော့ ပြည်သူလူထုကို အဓမ္မခိုင်းစေခြင်းမပြုရဆိုတဲ့ဟာ ပြောထားတယ်။ အဓမ္မစစ်သားစုဆောင်းခြင်းမပြုရ ဆိုတဲ့ဟာကိုလည်း ပြောထားတယ်လေ။ အဲတော့ အဲဒါ ပြည်သူလူထုက လက်မခံရင်တော့ အဓမ္မဖြစ်မှာပေါ့နော်။ ဒါပြည်သူလူထုရဲ့ လက်ခံမှု၊ လက်မခံမှုပေါ် မူတည်ပါတယ် ဒါကတော့။ ခုဏလို အဲဒီလိုလုပ်ရင်တော့ ပြည်သူလူထုက လက်မခံရင်တော့ NCA ကို ချိုးဖောက်ရာရောက်မှာပေါ့။ အဲတော့ အဓမ္မတော့စုဆောင်းခွင့်မရှိပါဘူး” ဟု ပြောသည်။

သို့ရာတွင် စစ်မှုမထမ်းမနေရ ဥပဒေကို ၂၀၁၀ ခုနှစ် ၁၁ လပိုင်းတွင် ပြဌာန်းထားပြီးဖြစ်ကြောင်း၊ ပြဌာန်းထားသော်လည်း လက်တွေ့တွင် မကျင့်သုံးသေးကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 “အကြမ်းဖျဥ်းအနေဖြင့် အသက် (၁၈) နှစ်ကနေ (၃၅)နှစ်ကြားသူတွေဟာ စစ်မှုထမ်းရမှာဖြစ်ပါတယ်။ ဒီဟာတွေသည် ဥပဒေပြဌာန်းထားပေမယ့် လက်တွေ့ မကျင့်သုံးသေးတဲ့ နိုင်ငံဖြစ်တယ်။ ပြဌာန်းနိုင်ဖို့အတွက် နိုင်ငံရဲ့ ကာကွယ်ရေး၊ လုံခြုံရေးအခြေအနေအရ ကျင့်သုံးဖို့လိုရင် လက်တွေ့ရှိပြီးသားဥပဒေ ဖြစ်ပါတယ်။ ပြဌာန်းဖို့အတွက် အဆင်သင့်ဖြစ်တဲ့ ဥပဒေလို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။

စစ်မှုမထမ်းမနေရ ဥပဒေကို မိမိတို့၏ အိမ်နီးချင်းနိုင်ငံများတွင် ပြဌာန်းထားပြီး လက်တွေ့ကျင့်သုံးသည့် နိုင်ငံရှိသလို၊ ပြဌာန်းထားသော်လည်း မကျင့်သုံးသည့် နိုင်ငံများလည်းရှိကြောင်း ၎င်းက ဆက်ပြောသည်။

ခွန်မြင့်ထွန်းက “ပြည်သူလူထုအပေါ်မှာ ဒီလိုမျိုးပေါ့လေ ဥပဒေအရ အနိုင်ထက်ပြုတဲ့ဟာမျိုးပဲ ဖြစ်သွားလိမ့်မယ်လို့ ကျနော်တို့ ထင်တယ်ဒါကတော့ ပြည်သူလူထုရဲ့ လက်ခံမှု လက်မခံမှုက အဓိက အရေးကြီးတယ်” ဟု ပြောသည်။

စစ်မှုမထမ်းမနေရ ဥပဒေကို လက်တွေ့ကျင့်သုံးမည်ဆိုပါက အသက် (၁၈) နှစ်မှ (၃၅) နှစ်ကြားများ ထမ်းဆောင်ရမှာဖြစ်ပြီး စစ်မှုထမ်းကာလ ၂ နှစ်မှ ၃ နှစ် ထမ်းရမည်ဖြစ်ကြောင်း သိရသည်။

May 13, 2026
တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းရှိရာ မောတောင်မြို့ကို ပြန်ရရေး...
May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...