ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးပြန်လာသူများကို အိုမီခရွန်ကိုဗစ်မျိုးစိတ်ပိုး စစ်ဆေးနိုင်ခြင်းမရှိ

ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးပြန်လာသူများကို အိုမီခရွန်ကိုဗစ်မျိုးစိတ်ပိုး စစ်ဆေးနိုင်ခြင်းမရှိ

အိုမီခရွန်ကိုဗစ်မျိုးစိတ်ပိုးကူးစက်ခံနေရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ဆောင်ပြီးနောက် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့ပြန်ဝင်လာသော စက်လှေသမားများကို အိုမီခရွန်ကိုဗစ်မျိုးစိတ်ပိုး ရှိ/မရှိ စစ်ဆေးနိုင်ခြင်းမရှိသေးဟု သိရသည်။

ဘင်္ဂလားဒေ့ရှ်မှ နယ်စပ်ကုန်သွယ်ရေးဖြင့်ပြန်လာကြသည့်စက်လှေသမားများကို ရေယာဉ်ဆိပ်ကမ်းများတွင် ကွာရန်တင်း ၁ဝ ရက်ဝင်ခိုင်းပြီး ကိုဗစ်စစ်ဆေးမှုများပြုလုပ်လျက်ရှိသော်လည်း အိုမီခရွန်မျိုးစိတ်ပိုးကို စစ်ဆေးနိုင်ခြင်းမရှိသေးကြောင်း ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က နိရဥ္စရာသို့ပြောသည်။

“အိုမီခရွန်မျိုးခွဲစစ်တာမျိုးကတော့ မလုပ်ဖြစ်ဘူး။ လူတိုင်းကိုမျိုးခွဲနေလို့မရဘူး။ ကျနော်တို့မြန်မာတစ်နိုင်ငံလုံးမှာမှ နေပြည်တော်က စစ်ဆေးရုံ ခုတင်ဘယ်လောက်မှာလဲပေါ့နော်။ အဲမှာပဲ ရှိတယ်ပေါ့နော်။ အဲဒါကြောင့် ကျနော်တို့ အချိန်ကာလအားလျော်စွာ ၁ လတန်သည်၊ ၂ လတန်သည် အဲလိုမျိုးလောက်မှာ စစ်ပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံသို့ အိန္ဒိယနှင့် ဒူဘိုင်းနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ်ဖြင့်ပြန်ဝင်လာသူများအနက် အိုမီခရွန်ရောဂါပိုးကူးစက်ခံထားရသူ ၄၂ ဦးကို ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက်က တွေ့ရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်မှစ၍ ပြည်ပမှဝင်လာသူ ၄ ဦးထံမှ အိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ဇန်နဝါရီလ ၇ ရက်တွင် ၁၂ ဦး၊ ဇန်နဝါရီ ၉ ရက်တွင် ၃ ဦးနှင့် ဇန်နဝါရီ ၁၂ ရက်တွင် ၂ ဦးနှင့် ယမန်နေ့တွင် ၄၂ ဦး၊ စုစုပေါင်း ၆၃ ဦး တွေ့ရှိထားပြီဟု သိရသည်။

အိုမီခရွန်ကိုဗစ်မျိုးကွဲသစ်ကို ကမ္ဘာတွင် ပြီးခဲ့သည့် နိုဝင်ဘာလအစောပိုင်းက တောင်အာဖရိကနိုင်ငံ၌ စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မြန်မာနှင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁ဝဝ ကျော်၌ ကူးစက်ပြန့်ပွားနေပြီဟု သိရသည်။

အိုမီခရွန်သည် မြန်မာတွင် ဖြစ်ပွားခဲ့သည့် ဒေလ်တာမျိုးစိတ်ကိုဗစ်ပိုးထက် ရောဂါဖြစ်ပွားမှုပြင်းထန်ခြင်းမရှိသော်လည်း ကူးစက်မှုပိုမိုမြန်ဆန်သည်ဟုလည်း သိရသည်။

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...