မော်လမြိုင်မြိုနယ် NLD ပါတီဥက္ကဌ ဒေါ်နွယ်နွယ်အောင်အမှု ‌မြိုနယ်တရားရုံးသို့ ပြောင်းလဲစစ်ဆေးမည်

မော်လမြိုင်မြိုနယ် NLD ပါတီဥက္ကဌ ဒေါ်နွယ်နွယ်အောင်အမှု ‌မြိုနယ်တရားရုံးသို့ ပြောင်းလဲစစ်ဆေးမည်

အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုခံထားရသော မော်လမြိုင်မြိုနယ် အမျိုးသားဒီမိုကရေစီပါတီ NLD  ဥက္ကဌ ‌ဒေါ်နွယ်နွယ်အောင်၏ အမှုကို မြိုနယိတရားရုံးသို့ ပြောင်းလဲ စစ်ဆေးရန် ဇန်နဝါရီ ၁၃ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ဒေါ်နွယ်နွယ်အောင်၏ ရှေ့နေအဖွဲ့က ခရိုင်တရားမှ မြိုနယ်တရားရုံးသို့ ပြောင်းလဲ စစ်ဆေးပေးရန် တင်ပြခဲ့ပြီး ခရိုင်တရားရုံးကနေ မြိုနယ်တရားရုံးသို့ ပြောင်းလဲ စစ်ဆေးရန် တရားသူကြီးက အွန်လိုင်းမှ အမိန့်ချမှတ်ခဲ့ကြောင်း မိသားစုဝင်နှင့် နီးစပ်သူမှ သိရသည်။

"အခုက စပြီး လာမယ့် ရုံးချိန်းတွေကိုတော့ မြိုနယ်တရားရုံးကနေပဲစစ်တော့မယ်လို့ သိရတာပေါ့။ ရုံးချိန်း‌တွေကို လာနေတဲ့အချိန်မှာတော့ ကျန်းမာရေးကောင်းတယ်လို့ ရှေ့နေတွေက ပြောပြတယ်။ ရုံးချိန်းရက်ကိုတော့ မသိရသေးဘူး” ဟု မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အကြမ်းဖက်အဖွဲ့အစည်းများကို ငွေကြေးထောက်ပံ့သည်ဟူသော စွပ်စွဲချက်ဖြင့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ ဖြင့် လက်ရှိအာဏာပိုင်အဖွဲ့အစည်းက အမှုဖွင့်ခဲ့ခြင်းဖြစ်ရာ ဒေါ်နွယ်နွယ်အောင်အပေါ် စွဲဆိုထားသော အမှုရုံးချိန်များကို မြိုနယ် တရားရုံးမှာသာ ဆက်လက်စစ်ဆေးသွားမည်ဟု ဆိုသည်။

ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်နွယ်နွယ်အောင်သည် ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရရှိခဲ့သော လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ခဲ့ပြီး ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက် ညပိုင်းက မော်လမြိုင်ဈေးကြိုရပ်ကွက်ရှိ နေအိမ်သို့ လာရောက် ဖမ်းဆီးခြင်းခံခဲ့ရသည်။

May 13, 2026
တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းရှိရာ မောတောင်မြို့ကို ပြန်ရရေး...
May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...