လွိုင်ကော်မြို့ပေါ်မှာ လူတစ်ဦးသေနတ်ဒဏ်ရာနဲ့ သေဆုံးနေ

လွိုင်ကော်မြို့ပေါ်မှာ လူတစ်ဦးသေနတ်ဒဏ်ရာနဲ့ သေဆုံးနေ

ကရင်နီပြည် လွိုင်ကော်ြမို့ မင်္ဂလာရပ်ကွက်အတွင်းမှာ ဆိုင်ကယ်ပေါ်က လူတစ်ဦးသေဆုံးလျက် တွေ့ရတယ်လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

“မနေ့က ညနေပိုင်းလောက်မှာ တိုက်ပွဲငြိမ်တော့ အိမ်တွေကို လိုက်ကြည့်တယ်လေ အမျိုးအိမ်တွေပါပါပေါ့။ လူတစ်ယောက် လမ်းပေါ်မှာ သေနတ်ပစ်ခံရပြီး လဲနေတာကို တွေ့တယ်။ သေချာအောင် သွားကြည့်မယ်ဆိုပြီး သွားကြည့်တော့ လူငယ်တစ်ယောက်ဘဲ သူက ” လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

သေဆုံးသူမှာ ဘယ်သူဆိုတာနဲ့ ဘယ်အချိန်က ပစ်ခံရပြီး သေဆုံးသွားတယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။ ယမန်နေ့ (ဇန်နဝါရီလ ၁၃ရက်)နေ့လည်ခင်းက လွိုင်ကော်မြို့လယ် ရပ်ကွက်အချို့နဲ့

မိုင်းလုံးရပ်ကွက် နည်းပညာတက္ကသိုလ်အနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ကရင်နီပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့ စာရင်းအရ အရပ်သားသေဆုံးမှု ၁၅၄ဦး ရှိသွားပြီ ဖြစ်ပါတယ်။

လွိုင်ကော်မြို့ ရပ်ကွက်တွေမှာ ဇန်နဝါရီလ ၆ ရက်နေ့ကစပြီး တိုက်ပွဲရက်တိုင်းဖြစ်ပွားနေတဲ့အတွက် ဒေသခံရဲ့ သုံးပုံနှစ်ပုံ စစ်ဘေးရှောင်ကြတယ်လို့ သိရပါတယ်။

August 17, 2026
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်မှု...
ဓာတ်ပုံ - ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရှိ ဆေးပေးခန်း (ပုံဟောင်း)
August 17, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်...
August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...