မွန်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၁၀ ဦးထပ်တိုးပြီး သံဖြူဇရပ်မြို့နယ်တွင် တစ်ဦးသေဆုံး

မွန်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၁၀ ဦးထပ်တိုးပြီး သံဖြူဇရပ်မြို့နယ်တွင် တစ်ဦးသေဆုံး

ပေါင်မြို့နယ်တွင် ဒီဇင်ဘာလ ၁၁ ရက်နေ့တစ်ရက်တည်း ကိုဗစ်အတည်ပြုလူနာ ၁၀ဦးထပ်တိုးပြီး သံဖြူဇရပ်မြို့နယ်တွင် အတည်ပြုလူနာတစ်ဦးသေဆုံးခဲ့သည်။

ပေါင်မြို့နယ် ကျားဘိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တွင် အထက်တန်းပြဆရာမတစ်ဦးနှင့် ကျောင်းသားကျောင်းသူအပါအဝင် မိသားစုဝင် ၁၀ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း ပညာရေးမှူးရုံးမှသိရသည်။

အထက်တန်းပြဆရာမ နေမကောင်းသောကြောင့် ကိုဗစ်ပိုးစစ်ဆေးခဲ့ရာတွေ့ရှိခဲ့ပြီး ၎င်းနှင့်ဆက်စပ်သူများကို ထပ်မံစစ်ဆေးခဲ့ရာ ဆရာမ၏တစ်နှစ်အရွယ် ကလေးနှင့် အခြား ၈ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည်။

“ဆရာမက ကိုဗစ်ကာကွယ်ဆေးမထိုးရသေးဘူး။ဆေးတွေစထိုးတော့ ကိုဝန်သည်တွေမထိုးရဘူးလေ။ ဆရာမ နေမကောင်းလို့ဆိုပြီး စစ်တော့ ကလေးရော အမေရောတွေ့တာပဲ။ ကျန်တဲ့ ၈ယောက်က ကျန်းမာရေးကောင်းကြပါတယ်။ ကလေးငယ်လေးကတော့ အဖျားနည်းနည်းရှိသေးတယ်” ဟု လိုက်ပါဆောင်ရွက်ပေးနေသူ ပရဟိတသမားတစ်ဦးကဆိုသည်။

ပိုးတွေ့ရှိသူများမှာ အဟောက်ကျေးရွာမှ အသက် ၄၀အရွယ် အထက်တန်းပြဆရာမ၊ ဆရာမ၏ ဖခင်ဖြစ်သူ အသက် ၆၇နှစ် အမျိုးသား၊ ဆရာမ၏ မိခင်ဖြစ်သူ အသက် ၆၈နှစ်အရွယ် အမျိုးသမီး၊ အသက် ၃၃နှစ်နှင့် အသက် ၂၈ရှိ ဆရာမ၏ ညီမနှစ်ယောက်နှင့် ဆရာမ၏သားဖြစ်သူ အသက် ၁နှစ်၊ ကျားဘိုကျေးရွာမှ အသက် ၁၇အရွယ် ကျောင်းသားနှစ်ဦးနှင့် ဒရိန်းကျေးရွာမှ ကျောင်းသူတစ်ဦးတို့ ဖြစ်ကြသည်။

ထို့ပြင် သံဖြူဇရပ်မြို့နယ် အောင်ချမ်းသာရပ်ကွက်မှ အသက် ၂၇ အရွယ် အမျိုးသမီးတစ်ဦး ဇန်နဝါရီလ ၁၁ရက်နေ့ ည ၉ နာရီအချိန်ခန့်တွေ သေဆုံးခဲ့ကြောင်း ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းမှ သိရသည်။

သေဆုံးသူအမျိုးသမီးမှာ အိတ်အိုင်ဗီရောဂါ ခံစားနေရသူတစ်ဦးဖြစ်ပြီး သေဆုံးသွားပြီးနောက် ဆေးရုံတွင် ကိုဗစ်ပိုး စစ်ဆေးရာ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

August 10, 2026
မွန်ပြည်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက်...
August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...
August 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေဖြူ - ကလိန်အောင် ကားလမ်းပိုင်းရှိ ကျောက်ကဒင်ကျေးရွာ...
August 6, 2026
မွန်ပြည်၊ ဘီးလင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး၏ ညီဖြစ်သူအပါအဝင် လူငယ် ၇ ဦးကို စစ်တပ်၊...