ဘုန်းကြီးမောင်းနှင်သောကားတိုက်မိသဖြင့် ၁၀ တန်းကျောင်းသူသေဆုံး

ဘုန်းကြီးမောင်းနှင်သောကားတိုက်မိသဖြင့် ၁၀ တန်းကျောင်းသူသေဆုံး

မွန်ပြည်နယ် မော်လမြိုင်မြို့ ကြာအင်းဆည်မြောင်းလမ်းဝထိပ်တွင် ဇန်နဝါရီလ ၉ ရက်နေ့က ဘုန်းကြီးမောင်းနှင်သောကားဖြင့် ဆိုင်ကယ်တစ်စီး တိုက်မိခဲ့ပြီး ၁၀ တန်းကျောင်းသူတစ်ဦးသေဆုံးသည့်အပြင် ၃ ဦး ဒဏ်ရာရခဲ့ကြောင်း ရာမည အရေးပေါ်လူမှုကယ်ဆယ်ရေး အသင်းထံမှ သိရသည်။

မုဒုံမြို့နယ်မှ ဘုန်းကြီး ၃ ပါး စီနင်းလိုက်ပါမောင်းနှင်လာသောကားဖြင့် ယဥ်တိုက်မှုဖြစ်ပွားပြီးနောက် သက်ဆိုင်ရာ ရဲစခန်းမှ လာရောက်ဖမ်းဆီးလိုက်သည်ဟု ဖြစ်စဥ်ကို မြင်တွေ့ခဲ့ရသူတစ်ဦးက ဆိုသည်။

"ဆိုင်ကယ်ဘက်က လမ်းကူးတာ။ အဲ့တာကို ဘုန်းကြီးကားက ဘရိတ်အုပ်တာကို လီဗာနဲ့မှားဆွဲလို့ တိုက်တာလို့ဆိုတယ်"ဟု ၄င်းက ဆိုသည်။

ဒဏ်ရာရသူများနှင့် ပွဲချင်းပြီးသေဆုံးသူမိန်းခလေးကိုမော်လမြိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ လူနာတင်ယာဥ်များဖြင့် အသီးသီးပို့ဆောင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းတွင်လည်း သံဖြူဇရပ်မြို့နယ်မှ အသက် ၁၂ နှစ်အရွယ် ကျောင်းသူတစ်ဦး ဘုန်းကြီးတစ်ပါးမောင်းနှင်လာသောကားတိုက်မိ၍ သေဆုံးခဲ့သည်ကို သတင်းများက ဖော်ပြသည်။

မွန်ပြည်နယ်တွင် ဘုန်းကြီးမောင်းနှင်သောကားကြောင့် မကြာခဏယဥ်တိုက်မှုများဖြစ်ပွားခဲ့ပြီး ဘုန်းကြီးများ ကားမောင်းကြမ်းသည်ဟု ဒေသခံများက ဝေဖန်လျက်ရှိသည်။

August 10, 2026
မွန်ပြည်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက်...
August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...
August 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေဖြူ - ကလိန်အောင် ကားလမ်းပိုင်းရှိ ကျောက်ကဒင်ကျေးရွာ...
August 6, 2026
မွန်ပြည်၊ ဘီးလင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး၏ ညီဖြစ်သူအပါအဝင် လူငယ် ၇ ဦးကို စစ်တပ်၊...