ထောင် ၂ နှစ်ချခံထားရသည့် ဒေါက်တာအေးဇံကို အဂတိမှု ၉ မှု ဆက်လက်စစ်ဆေး

ထောင် ၂ နှစ်ချခံထားရသည့် ဒေါက်တာအေးဇံကို အဂတိမှု ၉ မှု ဆက်လက်စစ်ဆေး

လက်ရှိတွင် ကျိုက်မရောအကျဥ်းထောင်၌ ထောင်ဒဏ် ၂ နှစ်ကျမှတ်ခံထားရသော မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို စွဲဆိုထားသော အဂတိမှု ၉ မှုအတွက် ဇန်နဝါရီ ၁၀ ရက်က ရုံးထုတ်စစ်‌ဆေးခဲ့ကြောင်း နီးစပ်သူများမှ သိရသည်။

အဂတိမှုများကို ပြန်လည်ခုခံရန် ယခင် ဝန်ကြီးချုပ်အဖြစ် ဒေါက်တာအေးဇံတာဝန်ယူခဲ့သည့် အစိုးရအဖွဲ့ စာရွက်စာတမ်းများကို လာရောက်တင်ပြပေးရန်အတွက် တရားရုံတော်က ဆင့်ခေါ်စာ (သမ္မန်စာ) ထုတ်ပေးရန် ရုံးချိန်းတွင် ဒေါက်တာအေးဇံ၏ ရှေ့နေအဖွဲ့က တင်ပြခဲ့ကြောင်း သိရသည်။

သို့ရာတွင် တရားသူကြီးက အမှု ၉ မှုအနက် ၂ မှုကို ပယ်ချပြီး ကျန်သည့် ၇ မှုအတွက် လာမည့် ရုံးချိန်းတွင် ဆင့်ခေါ်စာ ထုတ်ပေး၊ မပေး အမိန့်ချသွားမည်ဖြစ်ကြောင်း သိရသည်။

ပယ်ချခံရသည့် အမှု ၂ မှုကို စစ်ဆေးမေးမြန်းရာတွင်လည်း ဒေါက်တာအေးဇံက ၎င်းတွင် အပြစ်ရှိသည်ဟုမဆိုကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။

ထို့ပြင် ရွေးကောက်ပွဲမလျော်ဩဇာသုံးသည်ဟုဆိုကာ ၄င်းသည်အမှု ၃ မှု ထပ်မံစွဲဆိုခံထားရပြီး လက်ရှိအဂတိမှု ၉ မှုအပြင် စုစုပေါင်း ၁၂ မှုကို တရားရင်ဆိုင်နေရသူဖြစ်သည်။

လက်ရှိတွင် ဒေါက်တာအေးဇံကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရပြီး ကျိုက်မရောဗဟိုအကျဉ်းထောင်၌ ထားရှိသည်။

May 13, 2026
တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းရှိရာ မောတောင်မြို့ကို ပြန်ရရေး...
May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...