ထောင် ၂ နှစ်ချခံထားရသည့် ဒေါက်တာအေးဇံကို အဂတိမှု ၉ မှု ဆက်လက်စစ်ဆေး

ထောင် ၂ နှစ်ချခံထားရသည့် ဒေါက်တာအေးဇံကို အဂတိမှု ၉ မှု ဆက်လက်စစ်ဆေး

လက်ရှိတွင် ကျိုက်မရောအကျဥ်းထောင်၌ ထောင်ဒဏ် ၂ နှစ်ကျမှတ်ခံထားရသော မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို စွဲဆိုထားသော အဂတိမှု ၉ မှုအတွက် ဇန်နဝါရီ ၁၀ ရက်က ရုံးထုတ်စစ်‌ဆေးခဲ့ကြောင်း နီးစပ်သူများမှ သိရသည်။

အဂတိမှုများကို ပြန်လည်ခုခံရန် ယခင် ဝန်ကြီးချုပ်အဖြစ် ဒေါက်တာအေးဇံတာဝန်ယူခဲ့သည့် အစိုးရအဖွဲ့ စာရွက်စာတမ်းများကို လာရောက်တင်ပြပေးရန်အတွက် တရားရုံတော်က ဆင့်ခေါ်စာ (သမ္မန်စာ) ထုတ်ပေးရန် ရုံးချိန်းတွင် ဒေါက်တာအေးဇံ၏ ရှေ့နေအဖွဲ့က တင်ပြခဲ့ကြောင်း သိရသည်။

သို့ရာတွင် တရားသူကြီးက အမှု ၉ မှုအနက် ၂ မှုကို ပယ်ချပြီး ကျန်သည့် ၇ မှုအတွက် လာမည့် ရုံးချိန်းတွင် ဆင့်ခေါ်စာ ထုတ်ပေး၊ မပေး အမိန့်ချသွားမည်ဖြစ်ကြောင်း သိရသည်။

ပယ်ချခံရသည့် အမှု ၂ မှုကို စစ်ဆေးမေးမြန်းရာတွင်လည်း ဒေါက်တာအေးဇံက ၎င်းတွင် အပြစ်ရှိသည်ဟုမဆိုကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။

ထို့ပြင် ရွေးကောက်ပွဲမလျော်ဩဇာသုံးသည်ဟုဆိုကာ ၄င်းသည်အမှု ၃ မှု ထပ်မံစွဲဆိုခံထားရပြီး လက်ရှိအဂတိမှု ၉ မှုအပြင် စုစုပေါင်း ၁၂ မှုကို တရားရင်ဆိုင်နေရသူဖြစ်သည်။

လက်ရှိတွင် ဒေါက်တာအေးဇံကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရပြီး ကျိုက်မရောဗဟိုအကျဉ်းထောင်၌ ထားရှိသည်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...