လွိုင်ကော်မြို့ရှိ လူနေအိမ်အချို့ ဖောက်ထွင်းခံရမှုရှိ၊ အရေးယူဆောင်ရွက်မည်ဟု KNDF သတိပေး

လွိုင်ကော်မြို့ရှိ လူနေအိမ်အချို့ ဖောက်ထွင်းခံရမှုရှိ၊ အရေးယူဆောင်ရွက်မည်ဟု KNDF သတိပေး

ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် မိမိနေအိမ်ကိုစွန့်ခွာပြီး နီးစပ်ရာတွေမှာ စစ်ရှောင်ကြတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေဖောက်ထွင်းခိုးယူခံရတာနဲ့ ပတ်သက်ပြီး လက်ပူးလက်ကြပ်တွေ့ရှိပါက မသမာသူခိုးအဖွဲ့ကို အသက်အာမခံချက်မရှိဘူးလို့ KNDF က သတိပေးထားပါတယ်။

“ဒါကို သေချာစုံစမ်းမယ် ပြီးတော့ တကယ်ဆိုရင်တော့ အရေးယူမှာပေါ့။ စခ ကနေလုပ်တဲ့လူလား။ သူခိုးလား။ အဲ့ဒါလေးတော့ နည်းနည်းကွဲဖို့လိုတယ်ဗျ။ အဲ့လိုလေးတော့ရှိလိမ့်မယ်။ စခ ကလည်း ဒါကြီးကို လုပ်တဲ့အကျင့်ကလည်းရှိနေတော့ ဒါလေး သေချာလုပ်ဖို့ရှိနေတယ်ပေါ့နော။ သူခိုးလည်းဖြစ်တယ်။ စခ ကလည်းဖြစ်နိုင်တယ်။ ဒါကြီးက အရင်ကလည်း ၆မိုင်မှာလည်းဖြစ်ခဲ့ဖူးတယ်လေ။ ၁၀ဘီးကားနဲ့လာတင်သွားတယ်။ စခ ကလာတင်သွားတယ်။ သူခိုးခိုးတာမဟုတ်ဘူး အဲ့မျိုးလေးတွေရှိတာပေါ့။” လို့ KNDF B-02 တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နေအိမ်စွန့်ခွာတိမ်းရှောင်သွားကြတဲ့ သူတွေရဲ့ နေအိမ်တွေဖောက်ထွင်းခံရတဲ့အပြင် အိမ်စီးကားအပါအဝင် ပစ္စည်းတွေယူဆောင်သွားတယ်လို့ ဒေသခံဆီကနေ သိရပါတယ်။

“ အသိတစ်ယောက်ကတွေ့လိုက်တာ အိမ်ကကားပဲ ကားနံပါတ်၊ အရောင်၊ အမျိုးအစား မိုင်းလုံးကနေ ဆင်းလာတာတဲ့ ပစ္စည်းအပြည့်တဲ့ ၁၂ဘီးကားနဲ့သယ်သွားတာ။ ကားလမ်းဘေးက ဈေးဆိုင်၊ အိမ်တွေလည်း ဖောက်ခံရနိုင်တယ်” လို့ မိုင်းလုံးဒေသခံတစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့မှာ ဇန်နဝါရီလ ၆ ရက်နေ့မှစ မိုင်းလုံးရပ်ကွက်၊ ရွာတန်းရှည်၊ ပန်းကန်းရပ်ကွက်တစ်လျှောက် ကရင်နီတပ်မတော်(KA)၊ KNDF၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး ဒေသခံတွေ တိမ်းရှောင်ကြရမှ ကျန်ရစ်ခဲ့တဲ့နေအိမ်တွေ မသမာသူတွေ ဝင်ဖောက်ခံရတာဖြစ်ပါတယ်။

“ စစ်ရှောင်တာကတော့ ဇန်နဝါရီလ ၆ ရက်နေ့ တိုက်ပွဲဖြစ်ပြီး နောက်တစ်ရက်ပေါ့နော တကယ့်ကိုတိုက်ပွဲကြားမှာ ပြေးခဲ့ရတာ ဘားဆိုဘားမှမယူသွားရဘူးပေါ့နော လက်လှမ်းမှီတဲ့ဟာတွေကိုပဲ ယူပြေးရတာ။ အိမ်ဖောက်ခံရတာ သူခိုးဝင်တာ စစ်သားတွေဝင်ပြီး ဖျက်ဆီးတာ အဲ့ဒါတွေဖြစ်လာမှာ ကြိုတွေးထားပြီးသားပဲ ဒါပေမယ့် မတတ်နိုင်တော့ဘူးလေနော ဖြစ်ရမယ့်ဟာတွေကို ရင်ဆိုင်ရမှာပဲ။” လို့ မြို့ပေါ် စစ်ရှောင်တစ်ဦးက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ကရင်နီပြည်က ၃ သိန်းမပြည့်တဲ့လူဦးရေ ရဲ့ ထက်ဝက်ဟာဆိုရင် တိုက်ပွဲမဖြစ်ပွားတဲ့ အခြားဒေသတွေမှာသွားရောက်တိမ်းရှောင်ကြရပါတယ်။

နေအိမ်တွေကို ဖောက်ထွင်းနေတဲ့ မသမာသူကို သိရှိပါက KNDF တပ်ရင်း၊ ကရင်နီပြည်ရဲဌာန (KSP) တို့ကို တိုက်ရိုက်ဆက်သွယ်ပြီး အကြောင်းကြားပေးဖို့ အသိပေးထားပါတယ်။

တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် လွိုင်ကော်မြို့ ရပ်ကွက် အနီးအနားမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့လည်း လုံခြုံတဲ့ နေရာတွေမှာသာ နေကြဖို့ KNDF က အထူးအသိပေးထားပါတယ်။

August 17, 2026
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်မှု...
ဓာတ်ပုံ - ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရှိ ဆေးပေးခန်း (ပုံဟောင်း)
August 17, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်...
August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...