မြန်မာတစ်နိုင်ငံလုံးရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအား စစ်တပ်လက်အောက်ခံ UECက တရားစွဲဆို

မြန်မာတစ်နိုင်ငံလုံးရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအား စစ်တပ်လက်အောက်ခံ UECက တရားစွဲဆို

မြန်မာနိုင်ငံတစ်ဝန်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအား စစ်ကောင်စီလက်အောက်ခံ ကော်မရှင်အတွင်းရေးမှူး (ရွေး/ကော်အရာရှိ)များက တရားလိုပြုကာ စတင်တရားစွဲဆိုလိုက်ကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ အစောပိုင်းတွင် ကော်မရှင်အဖွဲ့ဝင်များထံ အကြောင်းကြားလာသည်ဟု ကော်မရှင်နှင့် နီးစပ်သူများထံက သိရသည်။

အဆိုပါ ကော်မရှင်အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၁၅(ဂ)နှင့် ၁၉(ခ)တို့အား ဖောက်ဖျက်ကျူးလွန်သည်ဟုဆိုကာ UEC၏ လမ်းညွှန်မှုဖြင့် တရားရုံးများတွင် ဦးတိုက်လျှောက်ကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

"အဲဒီမှာ ပြောစရာ စကားက အများကြီးရှိတယ်။ ကော်မရှင်အတွင်းရေးမှူး (ရွေးကော်အရာရှိ) ဆိုတာ ရွေးကောက်ပွဲတစ်ခုလုံးရဲ့ အခရာပဲ။ ဒီနေရာကို တပ်ကအသွင်ပြောင်းလာတဲ့ ဗိုလ်မှူး၊ ဗိုလ်ကြီးတွေကိုပဲခန့်ထားတာ။ ကော်မရှင်ရုံး အမြဲတမ်း ဝန်ထမ်းတွေရဲ့ အကြီးအကဲလည်း ဖြစ်တယ်။ ကော်မရှင်ဥက္ကဌကော အဖွဲ့ဝင်တွေကကော သူရဲ့စီစစ်သုံးသပ်ချက်တွေကို လက်မှတ်ထိုးပေးရတာဖြစ်တယ်။ အဲဒီတော့ မဲစာရင်းမှားခြင်း၊မှန်ခြင်းဆိုတာ သူနဲ့ပဲ တိုက်ရိုက်သက်ဆိုင်တယ်။ အခုကြ သူကလွတ်နေပြီး တခြားသူတွေကို တရားစွဲတယ်ဆိုတော့ ဒါဟာ လားလားကြီးလွဲနေတယ်"ဟု ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသည့် အဖွဲ့တစ်ခုမှ အမည်မဖော်လိုသူ တာဝန်ရှိသူကပြောသည်။

မြန်မာနိုင်ငံတွင် တိုင်းနှင့်ပြည်နယ် ၁၄ ခု နှင့် ပြည်ထောင်စုနယ်‌မြေ တစ်ခုရှိပြီး ရွေးကောက်ပွဲကျင်းပခဲ့သည့် ခရိုင်ပေါင်း ၇၃ ခရိုင်နှင့် မြို့နယ်ပေါင်း ၃၃၀ရှိသည်။

ယင်းအပြင် ရွေးကောက်ပွဲကျင်းပခဲ့သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများလည်းရှိသည်။

ကော်မရှင်တစ်ခုတွင် အဖွဲ့ဝင် ခြောက်ဦးစီဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ယခုကဲ့သို့ တရားစွဲဆိုပါက နိုင်ငံတစ်ဝန်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ပေါင်း ၃,၀၀၀ ကျော်ခန့် ဖမ်းဆီးခံရနိုင်သည်။

ကော်မရှင်ဥက္ကဋ္ဌမှစကာ အဖွဲ့ဝင်အားလုံးသည် ကော်မရှင်လုပ်ငန်းများအား အခကြေးငွေဖြင့် မဟုတ်ဘဲ အနည်းငယ်သောထောက်ပံ့ကြေးဖြင့်သာ ဆောင်ရွက်ခဲ့ကြသူများဖြစ်ပြီး ထိုသူအများစုမှာ ဌာနဆိုင်ရာများစွာမှ အငြိမ်းစားယူခဲ့သော အရာရှိကြီးများဖြစ်သည်။

"ငါတို့နိုင်ငံရဲ့ အရေးကိစ္စဖြစ်လာတဲ့အခါ ငါတို့ အသက်အရွယ်နဲ့ ကျန်းမာရေးကိုတောင် မငဲ့ဘဲ ဒီတာဝန်ကို ငါတို့ထမ်းဆောင်ခဲ့ကြတယ်။ ဂုဏ်သိက္ခာအတွက် ငါတို့ရပ်တည်ခဲ့တယ်"ဟု ပြည်နယ်အဆင့်ရွေးကောက်ပွဲအဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိ၌ အဆိုပါ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအား မဲစာရင်းထပ်နေသည်ဟုဆို၍လည်းကောင်း၊ အသက်၁၈နှစ် အောက် နိုင်ငံသားစီစစ်ရေးကတ်ပြားမရှိသူများ ပါဝင်နေဟု ဆိုကာလည်းကောင်း၊ ကွယ်လွန်သွားသူများ မဲစာရင်းတွင် ပါဝင်သည်ဟုဆို၍လည်းကောင်း၊ အဆိုပါအချက်အလက်များအား စီစစ်ကြီးကြပ်မှုအားနည်းသည်ဟု ဆိုကာ စစ်ကောင်စီလက်အောက်ခံ UEC က တရားစွဲဆိုနေခြင်းဖြစ်သည်။

ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...