ဦးဖြိုးဇေယျာသော် ဖမ်းဆီးခံရသည်မှာ ၅၇ လရှိပြီ၊ ပြစ်ဒဏ်စီရင်သူများ တာဝန်ယူရမည်ဟု ဇနီးဖြစ်သူပြော

ဦးဖြိုးဇေယျာသော် ဖမ်းဆီးခံရသည်မှာ ၅၇ လရှိပြီ၊ ပြစ်ဒဏ်စီရင်သူများ တာဝန်ယူရမည်ဟု ဇနီးဖြစ်သူပြော
ဓာတ်ပုံ - Thazin Nyunt Aung (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးဖြိုးဇေယျာသော်။
ဓာတ်ပုံ - Thazin Nyunt Aung (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးဖြိုးဇေယျာသော်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် ဖမ်းဆီး ဖျောက်ဖျက်ခံရသည်မှာ ၅၇ လရှိပြီဖြစ်ပြီး မတရားဖမ်းဆီးဖျောက်ဖျက်မှုကို စီရင်ခဲ့သူများ တာဝန်ယူရမည် ဖြစ်ကြောင်း ဇနီးဖြစ်သူ ဒေါ်သဇင်ညွန့်အောင်က ပြောသည်။

ဇနီးဖြစ်သူ ဒေါ်သဇင်ညွန့်အောင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ (Facebook) တွင် ယမန်နေ့ (ဩဂုတ်လ ၁၈ ရက်) က ရေးသားဖော်ပြထားခြင်း ဖြစ်သည်။

ဒေါ်သဇင်ညွန့်အောင်က “မတရားဖမ်းဆီး ဖျောက်ဖျက်ခံရခြင်း ၅၇ လ။ ဖမ်းဆီးခဲ့သည့်အချိန်မှစ၍ ယခုထိ အဆက်အသွယ်မရခဲ့ပါ။ မတရားဖမ်းဆီးဖျောက်ဖျက်မှုကို စီရင်ခဲ့သူများ ကျူးလွန်ခဲ့သည့်အတိုင်း တာဝန် ယူရမည်၊ ပြန်လည်စီရင်ခံရမည်။ မတရားခြင်းမှာ နှုတ်ဆိတ်ကြားနေသူများဟာ မတရားမှုမှာ ပူးပေါင်း ပါဝင်သူများဖြစ်သည်” ဟု ရေးသားထားသည်။

ဦးဖြိုးဇေယျာသော်ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် စစ်အုပ်စုတပ်က ရန်ကုန်မြို့၌ ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ) နှင့် ၅၀(ည) တို့ဖြင့် စွပ်စွဲကာ စစ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ (ခ) ဦးကျော်မင်းယု၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့အား လုပ်ထုံးလုပ်နည်းများအတိုင်း ပြစ်ဒဏ်စီရင် ဆောင်ရွက်ပြီးဖြစ်ကြောင်း စစ်အုပ်စုက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

၎င်းတို့ ၄ ဦးကို စစ်အုပ်စုတပ်က ရန်ကုန်၊ အင်းစိန်ထောင်တွင် ကြိုးပေးသတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ထိုသတ်ဖြတ်မှု ကို ထိုစဉ်က ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

စစ်အုပ်စုတပ်က ၎င်းတို့အပေါ် ကြိုးပေးသတ်ဖြတ်ခဲ့သည့် လုပ်ရပ်အပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများကလည်း ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့ကြသည်။

ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ (ခ) ဦးကျော်မင်းယု၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ ၄ ဦး သတ်ဖြတ် ခံရမှုမှာ ပြီးခဲ့သည့် ဇူလိုင်လအတွင်း ၄ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က “မြန်မာ စစ်တပ်က ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ(ခ) ကိုကျော်မင်းယု၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော် တို့ လေးဦးကို အဓမ္မကွပ် မျက်ခဲ့တာ လေးနှစ်ပြည့်ခဲ့ပါပြီ။ ဒါဟာမြန်မာနိုင်ငံမှာ နှစ် ၃၀ ကျော်အတွင်း ပြန်လည် စီရင်တဲ့ သေဒဏ်ပေး မှုဖြစ်တယ်။ ကိုဇေယျာသော်နဲ့ ကိုဂျင်မီတို့ဟာ လူသိများထင်ရှားတဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ ဖြစ်ပါတယ်။ မြန်မာစစ်တပ်က ယခုလိုရက်စက်ကြမ်းကြုတ်တဲ့ ပြစ်ဒဏ်စီရင်မှုမျိုး ချမှတ်တာဟာ အင်မတန်မှ စိတ်ပျက်စရာကောင်းပြီး Amnesty International အနေနဲ့ ယခုလိုသေဒဏ် ပေးခြင်းကို အကြွင်းမဲ့ ဆန့်ကျင် ပါတယ်” ဟု ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဦးဖြိုးဇေယျာသော်သည် Hip Hop (ဟစ်ဟော့) အဆိုတော်တစ်ဦးလည်းဖြစ်ပြီး ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး တွင် ပါဝင်ခဲ့ကြသည့် လူငယ်ကျောင်းသား နိုင်ငံရေးတက်ကြွလှုပ်ရှားသူများဖြင့် ဖွဲ့စည်းထားသည့် မျိုးဆက်လှိုင်း အဖွဲ့ (Generation Wave) ကို စတင်တည်ထောင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...
September 9, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ငါးရှာသွားသည့် အသက် ၁၆ နှစ်ဝန်းကျင်အရွယ်...
စစ်အုပ်စုတပ်က ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲ တစ်ခု။ / Crd
September 8, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် တစ်ရပ်ကွက်လျှင် တစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရန်...