မြင်းခြံ-ရန်ကုန် လမ်းပိုင်းတွင် လူငယ်များအား စစ်အုပ်စုတပ်က ဖမ်းဆီးငွေညှစ်ပြီး တပ်သားသစ် စုဆောင်းနေ

မြင်းခြံ-ရန်ကုန် လမ်းပိုင်းတွင် လူငယ်များအား စစ်အုပ်စုတပ်က ဖမ်းဆီးငွေညှစ်ပြီး တပ်သားသစ် စုဆောင်းနေ
ဓာတ်ပုံ - စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ် (မလှိုင်မြို့နယ်နှင့် ဆက်သွယ်နေသည့် မိတ္ထီလာမြို့အဝင်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်အုပ်စုတပ်က ယာဉ်များကို စစ်ဆေးနေစဉ်။)
ဓာတ်ပုံ - စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ် (မလှိုင်မြို့နယ်နှင့် ဆက်သွယ်နေသည့် မိတ္ထီလာမြို့အဝင်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်အုပ်စုတပ်က ယာဉ်များကို စစ်ဆေးနေစဉ်။)

မြင်းခြံ-ရန်ကုန် ခရီးသွား (Express) မော်တော်ယာဉ်များကို မလှိုင်မြို့ စစ်အုပ်စုဂိတ်က တားဆီးစစ်ဆေး၍ လူငယ်များကို ဖမ်းဆီးငွေညှစ်သည့်အပြင် တပ်သားသစ် စုဆောင်းမှုများကိုပါ ခပ်စိပ်စိပ် ပြုလုပ်နေကြောင်း ဒေသခံ သတင်းအရင်းအမြစ်များက ပြောသည်။

အထူးသဖြင့် ဩဂုတ်လ ၈ ရက်နေ့ မတိုင်မီ လဆန်းပိုင်းမှစ၍ ဩဂုတ်လ ၁၇ ရက်အထိ မန္တလေးတိုင်း၊ မလှိုင်မြို့ အရှေ့ဘက်အထွက် ရန်ကုန်-မိတ္ထီလာ-မလှိုင်-မြင်းခြံ လမ်းပေါ်နှင့် မိတ္ထီလာခရိုင်၊ မြင်းခြံခရိုင် ချင်းဆက်လမ်း စသည့် စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးစစ်ဆေးမှု ပိုမိုပြုလုပ်နေကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမသို့ ပြောသည်။

“လတ်တလောတော့ ဖမ်းဆီးငွေညှစ်ခံရတာ အဲ့ဒီနားကဂိတ်တွေပေါ့ ၊မလှိုင်ဂိတ်မှာတော့ ပေါ်တာဆွဲတာတွေ ကြမ်းတယ်။ မြင်းခြံ ကားတွေပေါ့။ ပေါ်တာဆွဲကြမ်းတာပဲသိရတာ အရေအတွက်အတိအကျ မသိရသေးဘူး။ ရှစ်လေးလုံးနေ့ မတိုင်ခင်ကစပြီး ခပ်စိပ်စိပ်ဖြစ်လာတာ။ အရင်တခါကဆို တပြိုင်တည်း ခုနစ်ယောက်ဆွဲတာ၊ ရွေးလို့ရတဲ့သူရှိသလို ရွေးလို့မရတဲ့သူလည်းရှိတယ်။”

မလှိုင်မြို့ပေါ် စစ်အုပ်စုဂိတ်မှ တားဆီးစစ်ဆေးကာ လူငယ်များကို ဖမ်းဆီးငွေတောင်းခံနေကြောင်း မြင်းခြံ လူထုလှုပ်ရှားမှုကော်မတီက ဩဂုတ်လ ၁၇ ရက်နေ့တွင် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြထားသည်။

မလှိုင်မြို့နယ် ဒေသခံတစ်ဦးက “အဲ့ဒါဟုတ်တယ် တလောတုန်းက သူတို့မသင်္ကာလို့ဆိုပြီးတော့ message ပို့တာ လားမသိဘူး။ ဟိုဘက်က ပို့တာတွေ တွေ့လို့ဆိုပြီးတော့ ဖမ်းထားတာ သူက ငွေ သိန်း ၆၀ ပါတယ်၊ သူတို့ မကြိုက်တာတွေ့လို့နေမယ်။ ဖမ်းပြီးငွေလိုချင်လို့ အဲ့ဒီလိုလုပ်တဲ့ သဘောနေမှာပေါ့။ မလှိုင်ကတော့မြို့ပေါ် မှာ တင် ပေါ်တာဆွဲတာ ခဏခဏပဲ” ဟု ပြောသည်။

ခရီးသွားမော်တော်ယာဉ် (Express) ယာဉ်မောင်းအများစုမှာ စစ်အုပ်စုတပ်နှင့် အလိုက်အထိုက် ပြောဆိုဆက်ဆံ နေရခြင်းကြောင့် ယာဉ်မောင်းများအတွက် ပြဿနာမရှိသော်လည်း လူငယ်လူရွယ်များကို ပစ်မှတ်ထား ဖမ်းဆီး နေခြင်းကြောင့် အဆိုပါလမ်းကြောင်းမှာ သွားလာရန် အခြေအနေ မကောင်းကြောင်း ၎င်းက ပြောသည်။

”မလည်မဝယ်ဆို အသက် ၄၅ အထိပါဆွဲတာ၊ သူတို့ဆို ပြန်ရွေးလို့မရတာ များတယ်” ဟု အဆိုပါဒေသခံက ပြောသည်။

လတ်တလောတွင် အဆိုပါ တပ်သားသစ်စုဆောင်းမှုမှာ မြင်းခြံ-ရန်ကုန် ကားလမ်းတွင် သာမက မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ မြင်းခြံ-ပုဂံ-ညောင်ဦး လမ်းပိုင်းတွင်လည်း ယခု ၂၀၂၆ ခုနှစ် နှစ်လယ်အတွင်း ခရီးသွား ပြည် သူများ အပါအဝင် လူရာပေါင်းများစွာကို စစ်အုပ်စုတပ်က တပ်သားသစ်စုဆောင်းရန် ဖမ်းဆီးခဲ့သည်။

မြင်းခြံခရိုင်အတွင်း၌ ပျမ်းမျှ လူ ၂၀၀ ကျော် ဖမ်းဆီးခံထားရကြောင်း မြင်းခြံခရိုင် တပ်ရင်း (၃) ပြန်ကြားရေး တာဝန်ခံနှင့် မြင်းခြံလူထုလှုပ်ရှားမှုကော်မတီဝင်တို့က မဇ္ဈိမသို့ ဇူလိုင်လ ၂၈ ရက်နေ့တွင် ပြောဆိုထားသည်။

မြင်းခြံ၊ မလှိုင်၊ တောင်သာ၊ ညောင်ဦး မြို့နယ်များမှ ခရီးသွားပြည်သူများကို တပ်သားသစ်အဖြစ် ဖမ်းဆီးပြီး နောက် ရှမ်းပြည်ရှိ ဗထူးတပ်နှင့် မိတ္ထီလာအခြေစိုက် ခမရ (၁၁၃)၊ ခမရ (၃၁၅) စသည့် တပ်များသို့ အများဆုံး ပို့ဆောင်လေ့ရှိသည်။

ထိုကဲ့သို့ တပ်သားသစ်စုဆောင်းရန် ဖမ်းဆီးမှုများနှင့် ငွေညှစ်မှုများ ပြုလုပ်နေသော်လည်း ခရီးသွားပြည်သူများ သည် စိုးရိမ်ထိတ်လန့်မှုများရှိနေသည့်ကြားမှပင် ဆက်လက်သွားလာနေကြရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

စစ်အုပ်စုတပ်က အကောင်အထည်ဖော်နေသည့် စစ်မှုထမ်းဥပဒေမှာ ယခုအခါ အပတ်စဉ် (၂၇) သို့ ရောက်ရှိလာပြီ ဖြစ်သည်။

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...