PDF သံသယဖြင့် တရားစွဲခံထားရသည့် ဦးစိန်ချစ်တို့အမှု လိုပြသက်သေများ ရုံးချိန်းထပ်မံရွေ့ဆိုင်း

PDF သံသယဖြင့် တရားစွဲခံထားရသည့် ဦးစိန်ချစ်တို့အမှု လိုပြသက်သေများ ရုံးချိန်းထပ်မံရွေ့ဆိုင်း

PDF သံသယဖြင့် တရားစွဲခံထားရသည့် ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ ဦးစိန်ချစ်နှင့် ငပလီမြို့မှ ကိုရဲနိုင်ဦးတို့အမှုတွင် မအူပင်မှလိုပြသက်သေများကို စစ်ဆေးရန် ရုံးချိန်းထပ်မံရွေ့ဆိုင်းလိုက်သည်ဟု သိရသည်။

၄င်းတို့အား ပြီးခဲ့သည့် ဇန်နဝါရီ ၅ ရက်တွင် စစ်ဆေးရန်ချိန်းဆိုခဲ့သော်လည်း လာမည့် ဇန်နဝါရီ ၁၂ ရက်တွင်စစ်ဆေးရန် ရက်ရွေ့လိုက်ကြောင်း အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဒေါ်သင်္ဂီမောင်က နိရဥ္စရာသို့ပြောသည်။

“၁၂ ရက်ကျတော့ သက်သေ ၃ ယောက်စစ်ဖို့ကျန်သေးတယ်လေ။ မအူပင် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့က အရာရှိ ၂ ယောက်ရယ်၊ PDF လို့စွပ်စွဲထားတဲ့ ကောင်လေးတစ်ယောက်ရယ် သုံးယောက်စလုံးကို စစ်မယ်လို့ ၁၂ ရက်မှာ ချိန်းဆိုထားပါတယ်။ ကျန်တဲ့သက်သေတွေကတော့ အကုန်ပြီးသွားပြီလေ” ဟု ပြောသည်။

ရုံးချိန်းရွေ့ဆိုင်းလိုက်ရခြင်းမှာ မအူပင်က PDF ဟုစွပ်စွဲခံထားရသည့် လူငယ်အား အချုပ်ထောင်ထဲတွင် ထားထားသည့်အတွက် အပြင်ကိုထုတ်လာရန် အဆင်မပြေသည့်ကဏ္ဍများရှိနေခြင်းကြောင့်ဖြစ်သည်ဟု ရှေ့နေဒေါ်သင်္ဂီမောင်က ဆက်ပြောသည်။

တရားစွဲခံထားရသူ ၂ ဦးအနက် သံတွဲမြို့တွင် လူမှုရေးလုပ်ငန်းများလုပ်ကိုင်နေသည့် ဦးစိန်ချစ် (၄၂ နှစ်)ကို အောက်တိုဘာလ ၉ ရက်၊ ည ၁၀ နာရီခန့်တွင် သူ၏နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်သည်။

အလားတူ ဦးစိန်ချစ်နှင့်အတူ လူမှုရေးလုပ်ကိုင်နေသူ ငပလီမြို့မှ ကိုရဲနိုင်ဦး (၂၄ နှစ်)ကို အောက်တိုဘာလ ၂၃ ရက် နေ့လယ် ၂ နာရီခန့်တွင် ငပလီရှိ ဟိုတယ်တစ်ခုရှေ့တွင် သူမောင်းနေသည့် သုံးဘီးတုတ်တုတ်ကို ဂိတ်ထိုးရပ်နားနေစဉ် ရဲတပ်ဖွဲ့ကလာရောက်ခေါ်ယူသွားခြင်းဖြစ်သည်။

ယင်းနောက် ၄င်းတို့ ၂ ဦးကို ခလရ (၅၅)တပ်ရင်းမှ ဗိုလ်ကြီးနေဇော်ထက်က တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုပုဒ်မ ၅၀(က)၊ ၅၂(က) နှင့်အမှုဖွင့်ထားပြီး လက်ရှိအချိန်တွင် သံတွဲအကျဉ်းထောင်တွင် ထိန်းသိမ်းစစ်ဆေးနေကြောင်း သိရသည်။

လက်ရှိတွင် ၄င်းတို့ ၂ ဦးအပါအဝင် ရခိုင်ပြည်နယ်အတွင်း PDF နှင့်ဆက်စပ်သံသယဖြင့် အကြမ်းဖက်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ သံတွဲတွင် ၃ ဦး၊ ငပလီတွင် ၂ ဦး၊ မြောက်ဦးတွင် ၁ ဦးနှင့် တောင်ကုတ်တွင် ၂ ဦး၊ စုစုပေါင်း ၈ ဦးအထိရှိနေပြီဟု သိရသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...