အကြမ်းဖက်မှုပုဒ်မဖြင့်တရားစွဲခံနေရသည့် ကျောက်ဆိပ်ရွာသားများအမှုအား စွဲချက်တင်သင့်မသင့်အမိန့်ချတော့မည်

အကြမ်းဖက်မှုပုဒ်မဖြင့်တရားစွဲခံနေရသည့် ကျောက်ဆိပ်ရွာသားများအမှုအား စွဲချက်တင်သင့်မသင့်အမိန့်ချတော့မည်

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုပုဒ်မများဖြင့်တရားစွဲခံနေရသည့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာသား ၅ ဦးအမှုအား လာမည့် ဇန်နဝါရီလ ၁၂ ရက်တွင် စွဲချက်တင်သင့်၊ မတင်သင့် အမိန့်ချမှတ်သွားမည်ဟု သိရသည်။

၄င်းတို့အမှုအား စွဲချက်တင်သင့်၊ မတင်သင့်ကို စစ်တွေခရိုင်တရားရုံးတွင် ယမန်နေ့ ဇန်နဝါရီ ၅ ရက်ရုံးချိန်း၌ နှစ်ဘက်ရှေ့နေများက လျှောက်လဲချက်ပေးခဲ့ပြီးနောက် လာမည့်အပတ်တွင် ရုံးချိန်းလိုက်ခြင်းဖြစ်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က နိရဥ္စရာကို ပြောသည်။

"မနေ့က နှစ်ဘက်လျှောက်လဲချက်ပေးတယ်။ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ စွဲချက်အမိန့်ချမယ်" ဟု ပြောသည်။

တရားစွဲခံနေရသည့် ကျောက်ဆိပ်ရွာသား ကိုညီညီအောင်(၂၄)နှစ်၊ ကိုမျိုးလှိုင်ဦး (၂၄)နှစ်၊ ကိုမောင်ချေ(၂၄)နှစ်၊ ကိုမင်းစိုး(၃၈)နှစ်နှင့် ကိုကျော်ဝင်းဟိန်း(၂၂)နှစ်တို့ဖြစ်သည်။

၄င်းတို့သည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၉ ရက်တွင် ကျောက်ဆိပ်ကျေးရွာသား ၃၈ ဦးကိုစစ်တပ်ကဖမ်းဆီးခဲ့ရာတွင် ပါဝင်ခဲ့သူများဖြစ်သည်။

စတင်ဖမ်းဆီးခဲ့ပြီးနောက် ရွာသား ၃၃ ဦးကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း ကျန် ၅ ဦးကို ပုဏ္ဏားကျွန်းမြို့ ခမရ ၅၀၅ တပ်ရင်းမှ ဗိုလ်ကြီးတင့်နိုင်ထွန်းကတရားလိုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)တို့ဖြင့် စစ်တွေခရိုင်တရားရုံးတွင် ၂၀၂၀ ပြည့်နှစ် မေလ ၂၂ ရက်၌ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ရုပ်သိမ်းလိုက်ပြီဖြစ်သော်လည်း AA နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် ဆက်လက်တရားစွဲဆိုခံနေကြရခြင်းမှာ မဖြစ်သင့်ကြောင်း ဥပဒေကျွမ်းကျင်သူများကပြောဆိုကြပြီး ပြန်လွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုနေကြသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...