ရခိုင်အခြေစိုက် Western News သတင်းဌာနအယ်ဒီတာချုပ် ရာဇသတ်ကြီး ပုဒ်မ၁၂၄ (က)ဖြင့် အမှုဖွင့်ခံရဟုဆို

ရခိုင်အခြေစိုက် Western News သတင်းဌာနအယ်ဒီတာချုပ် ရာဇသတ်ကြီး ပုဒ်မ၁၂၄ (က)ဖြင့် အမှုဖွင့်ခံရဟုဆို

ရခိုင်အခြေစိုက် Western News သတင်းဌာနအယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုအား အစိုးရကိုမလေးစား၊ အကြည်ညိုပျက်အောင်ပြုမှုဖြင့် ရာဇသတ်ကြီးပုဒ်မ ၁၂၄ ဖြင့်(က)ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကိုဝဏ္ဏခွာညိုက သူ၏ ဖေ့စ်ဘုတ်လူမှုစာမျက်နှာ၌ “ ကျနော့်ကို စွဲလိုက်တာကတော့ ပုဒ် ၁၂၄ တဲ့ဗျာ။ အမြင့်ဆုံး ပြစ်ဒဏ် တစ်သက်တစ်ကျွန်း၊ အနည်းဆုံး ပြစ်ဒဏ်ထောင်ဒဏ် ၃ နှစ်လို့ ရေးထားပါတယ်” ဟု ယမန်နေ့ ဇန်နဝါရီ ၅ ရက် ညနေ ၆နာရီ ကျော်က ရေးသားဖော်ပြထားသည်။

အဆိုပါကိစ္စဖြင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဇန်နဝါရီလ ၃ ရက်က ပြည်နယ်ဥပဒေချုပ်ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် Western News သတင်းဌာနအား ဦးတိုက်လျှောက် ထားသည့် အမှုတစ်ခုရောက်ရှိနေကြောင်း သတင်းထောက်များအား ပြောဆိုခဲ့သည်။

ဦးလှသိန်းက “ မီဒီယာနဲ့ ပတ်သက်ပြီးတော့ ဦးတိုက်လျှောက်ထား စွဲဆိုထားတာရှိတယ်လို့ပြောတယ်။ western New က။ Western News က ဖော်ပြတဲ့အခါ။ ဒါလည်း ဘယ်လိုတိုင်ထားတယ်။ ဘယ်လို လုပ်ထားတယ် ဆိုတာ မသိဘူးနော်။ ယေဘုယျအားဖြင့် တပ်မတော်အပေါ် မှာ အထင်အမြင် လွဲမှားအောင်ပေါ့။ လူတွေရဲ့ ယုံကြည်အားကိုးမှုကို လျှော့အောင် ပလက်ဝ ဖက်က သတင်းတစ်ခုကို တင်တယ်ပြောတယ်။ Western News က။ ဒီလောက်ပဲသိတယ်။ ဒါပေမယ့် ဒီနေ့ အခုကိုယ်တို့က ကိုယ့်ရုံး။ ကိုယ့်ဌာန အနေနဲ့ သိရတာက တရားစွဲလိိုရှိတယ်ဆိုတာကို သိပြီ။ တရားစွဲမှ ကိုယ်တို့က သိတာ။ မစွဲခင်မသိဘူး။ သို့သော်ပြစ်မှုတွေဆိုလို့ရှိရင် ကိုယ်တို့ဆီမှာ ရမန်ယူရင်၊ မှတ်ပုံတင်ရင်သိတယ်ပေါ့။ ဟိုအမှုတွေက တိုက်ရိုက် Complain စွဲရတာ။ တရားရုံးကို ဦးတိုက်လျှောက်လိုက်တာ။ လျှောက်လိုက်တော့ တရားရုံးကို ဦးတိုက်လျှောက်လိုက်တဲ့အမှု၊ နိုင်ငံတော်နဲ့ပတ်သက်တဲ့အမှု ဥပဒေရုံးက အမှုလာလိုက်ပေးပါလို့ အကြောင်းကြားတယ်။ အဲဒါနဲ့ သိတာ။ဒီရက်ပိုင်းပဲ။ ကိုယ်က ဘယ်နေ့မှန်းတောင်မသိဘူး” ဟုပြောသည်။

Western News သတင်းဌာနမှာ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အခြေစိုက်သည့် သတင်းဌာန တစ်ခုဖြစ်ပြီး ချင်းပြည်နယ်ပလက်ဝမြို့တွင် အလံဖြူထောင်သည့်သတင်းကို ရေးသားဖော်ပြခဲ့သည့် အတွက်ထိုသို့ အမှုဖွင့်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

၄င်းကိစ္စနှင့် ပတ်သက်၍ Western News သတင်းဌာ အယ်ဒီတာချုပ် ဖြစ်သူအား အတည်ပြုရန် ဆက်သွယ်ခဲ့ရာတွင်ဆက်သွယ်မှုမရရှိသေးပါ။

အဆိုပါအမှုအား စစ်တွေမြို့အမှတ်(၁) ရဲစခန်းမှ အမှုဖွင့် ဆောင်ရွက် နေကြောင်းသတင်းရရှိသဖြင့် မေးမြန်းရာ တာဝန်ကျရဲအရာရှိက စခန်းမှူး ကိုယ်တိုင်ကိုင်သည့် အမှုဖြစ်သဖြင့် ၄င်းတို့အနေဖြင့် တစ်စုံတစ်ရာ ဖြေကြားနိုင်ခြင်းမရှိကြောင်းပြောသည်။

Western News သတင်းဌာနမှ လွန်ခဲ့သည့် ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့က “ ပလက်ဝမြို့နယ် ၂၈၉ တပ်ရင်းအတွင်းတွင် အလံဖြူ ထောင်ထားသည်ကို မြင်တွေ့့ရဟု ဒေသခံများဆို” ဟုဆိုသည့် သတင်းကို ရေးသားဖော်ပြခဲ့ပြီးနောက် ၄င်းသတင်းတွင် အင်တာဗျူး ဖြေဆိုခဲ့သူ ပလက်ဝ မြို့ဒေသခံနှစ်ဦးဖြစ်သည့် ကိုတင်ထွန်းအောင်နှင် ကိုတင်ဦးတို့နှစ်ဦးကိုဒီဇင်ဘာ ၂၉ ရက်နေ့တွင် ပလက်ဝမြို့ရှိ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဖမ်းဆီးခဲ့သည်။

ယင်းနောက် ကိုတင်ဦးကို ဒီဇင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းတွင် ပလက်ဝ ရဲစခန်းမှ ပြန်လွှတ်ပေးခဲ့ပြီး ကိုတင်ထွန်းအောင်ကို ပလက်ဝမြို့ရှိ ၂၈၉ တပ်ရင်းတွင် ဆက်လက်ထိမ်းသိမ်းထားပြီး ရမန်ယူ စစ်ဆေးနေ ကြောင်း မိသားစုဝင်များနှင့် ဒေသခံများ၏ ပြောပြချက်အရသိရသည်။

Western News သတင်းဌာန၏ အယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုအား ဦးတိုက် လျှောက်ထားသည့် အဆိုပါ ရာဇသတ်ကြီး ပုဒ်မ (၁၂၄)မှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်းသို့မဟုတ် အနည်းဆုံးထောင်ဒဏ် ၃ နှစ်ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...