ရှားတောမှာ ကရင်နီတပ်မတော်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား

ရှားတောမှာ ကရင်နီတပ်မတော်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား

ရှားတောမြို့နယ် သရီးဒါးကျေးရွာနဲ့ ဒေါကလော်လဲကျေးရွာလမ်းဆုံမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်တို့ ယမန်နေ့(ဇန်နဝါရီ ၄ရက်နေ့ ) မွန်းလွဲ ၄ နာရီအချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကရင်နီတပ်မတော် အမှတ်၃ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲနေရာက သရီးဒါး ဒေါကလော်လဲလမ်းဆုံမှာ နောက်ပြီး စစ်ကောင်စီက အဓိက အရှေ့ဘက်ကမ်းကို ရိက္ခာပို့ဖို့ ပေါ့နော။ သူတို့ ရိက္ခာပို့တဲ့အချိန်မှာ အရှေ့မှာ လုံခြုံရေးအရင်ယူရတယ်။ ရိက္ခာကားက နောက်မှာလာတယ်။ အဲ့လိုမျိုးပေါ့နော။ နောက်သူတို့ ညနေ ၄နာရီဝန်းကျင်မှာ ပစ်ခတ်ကြတယ်။ ညနေ၅နာရီကျော်အထိပေါ့။ စစ်ကောင်စီတွေက နောက်ပြန်ဆုတ်ကုန်ပြီ ဆက်မတက်သေးဘူး။”

တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးစာရင်းကိုတော့ မသိရသေဘူးလို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ အနီးအနားကျေးရွာက ဒေသခံတွေ စစ်ဘေးရှောင်နေကြတယ်လို့ ကရင်နီတပ်မတော် အမှတ် ၃ တာဝန်ရှိသူက ဆက်ပြောပါတယ်။

“ ကျနော့်အထင် အဲ့ဒီ ကားလမ်းမကြီးတစ်လျှောက် ၃၊ ၄ရွာလောက်ရှိတယ်။ ပြီးတော့ အပေါ်အအောက်မှာလည်း ရွာတွေရှိတယ်ပေါ့နော။ ဒါပေမယ့် ကျနော် ထင်တာတော့ အဲ့ဒီအနီးအနားက ကျေးရွာတွေတော့ ရှောင်ကုန်ပြီ။ ဒေါကလော်လဲ လမ်းဆုံတို့မှာပေါ့။ အဲ့ဒီမှာဆိုရင် သေနတ်သံကြားပြီဆိုရင် ရှောင်ကုန်လောက်ပြီ။ ဒါပေမယ့် မနီးမဝေးမှာရှိတဲ့ အပေါ်နဲ့ အအောက်ရွာတွေဆိုရင်တော့ မရှောင်သေးဘူး။ ဒါပေမယ့် တစ်ချို့တော့ ရှောင်ကုန်ပြီ တစ်ချို့တော့ ကျေးရွာထဲမှာ ရှိနေသေးတယ် အဲ့လိုမျိုးပေါ့။ “

စစ်ကောင်စီက ရိက္ခာတွေ ပို့မယ်ဆိုရင် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနိုင်ပြီး ဒေသခံတွေအနေနဲ့ သတိနဲ့ နေကြဖို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့ပတ်အတွင်းမှာလည်း ရှားတောနဲ့ လွိုင်ကော်ကားလမ်းမကြီးဘေးက ပါလောင်းကျေးရွာအနီးမှာ တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့တာရှိပြီး ၎င်းကျေးရွာအနီးအနား ဒေသခံတွေအားလုံး စစ်ဘေးရှောင်နေခဲ့ကြရပါတယ်။

August 17, 2026
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်မှု...
ဓာတ်ပုံ - ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရှိ ဆေးပေးခန်း (ပုံဟောင်း)
August 17, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်...
August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...