စစ်ရှောင်ပြည်သူအတွက် စိတ်ဓာတ်မြှင့်တင်ရေး လုပ်ဆောင်နေ

စစ်ရှောင်ပြည်သူအတွက် စိတ်ဓာတ်မြှင့်တင်ရေး လုပ်ဆောင်နေ

ကရင်နီပြည်နယ်တွင်း စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ရှောင်ပြည်သူတွေအတွက် စိတ်ဓာတ်မြှင့်တင်တဲ့ အစီအစဥ်တစ်ခုကို ကယန်းအရပ်ဘက်လူငယ်အဖွဲ့အစည်းတခုက အကောင်အထည်အထည်ဖော်လုပ်ဆောင်နေပါတယ်။

အဆိုပါ ကယန်းအရပ်ဘက်လူငယ်အဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးက ”အစီအစဥ်ရဲ့ ရည်ရွယ်ချက်ခါကျတော့ အဓိက စစ်ရှောင်တွေရဲ့ စိတ်ဓာတ်မြှင့်တင်ပေးတဲ့ ရည်ရွယ်ချက်လည်းပါတယ်။ ပြီးတော့ ကလေးအတော်များများကို အလေအလွင့်မဖြစ်အောင် စိတ်ဓာတ်မြှင့်တင်ပေးတဲ့ ရည်ရွယ်ချက်လည်းပါတာပေါ့နော်။ အဓိက ဒီရည်ရွယ်ချက်တွေနဲ့ ဒီအစီအစဥ်ကို သွားရခြင်းဖြစ်တယ်ပေါ့” လို့ ပြောပါတယ်။

ဒီအစီအစဥ်ကို ရှမ်း/တောင်၊ ဖယ်ခုံမြို့နယ်နဲ့ ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာရှိတဲ့ စစ်ရှောင်ပြည်သူတွေရှိတဲ့ နေရာတွေကို သွားရောက်ပြီး အကောင်အထည်ဖော် လုပ်ဆောင်နေပါတယ်။

စစ်ဘေးရှောင်ပြည်သူအတွက် စိတ်ဓာတ်မြှင့်တင်တဲ့အစီအစဥ်မှာ စစ်ရှောင်ကလေးတွေကို အားကစားပြိုင်ပွဲပြုလုပ်ပေးတာ၊ ၄င်းနဲ့အတူကတာ၊ ဆုပေးတာတွေ ပြုလုပ်ပေးသလို ကလေးမိဘတွေကိုလည်း ကလေးအခွင့်အရေးဆိုင်ရာ အသိပညာပေးတာတွေ ပြုလုပ်ပေးပါတယ်။

အခုလို လုပ်ဆောင်ပေးတဲ့အပေါ် စစ်ရှောင်ပြည်သူတစ်ဦးက ခုလိုပြောပါတယ်။

“အခုလို သူတို့လာပေးတဲ့ အစီအစဥ်ကတော့ ကျနော်တို့အတွက်တော် ပီတိဖြစ်တယ်၊ ပျော်လည်းပျော်တယ်၊ ပညာလည်းရတယ်၊ အတွေ့အကြုံလည်းရတာပေါ့နော်။ ပွဲလမ်းသဘင်တွေမရှိကျတော့ မခုလို စုံစုံလင်လင်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ကလေးကို အကတင်ပေးတာတို့၊ ကပြပေးတာတို့ ကျေးဇူးတင်ပါတယ် “

၄င်းကယန်းအရပ်ဘက်လူငယ်အဖွဲ့အစည်း စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာအချို့ကို ကူညီထောက်ပံ့ပေးတာအပြင် အခုလို စိတ်ဓာတ်မြှင့်တင်တဲ့ အစီအစဥ်ကိုလည်း လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။

ကရင်နီပြည်နယ်တွင်းမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ပြည်သူ ၁ သိန်းကျော်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

August 17, 2026
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်မှု...
ဓာတ်ပုံ - ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရှိ ဆေးပေးခန်း (ပုံဟောင်း)
August 17, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်...
August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...