ရွေးကောက်ပွဲတွင် တစ်ကြိမ်ထက်ပိုပြီး မဲပေးခဲ့သည်ဟုဆိုကာ အရပ်သားတချို့ကို ဇင်းကျိုက်ရဲစခန်းတွင် တရားစွဲထား

ရွေးကောက်ပွဲတွင် တစ်ကြိမ်ထက်ပိုပြီး မဲပေးခဲ့သည်ဟုဆိုကာ အရပ်သားတချို့ကို ဇင်းကျိုက်ရဲစခန်းတွင် တရားစွဲထား

၂၀၂၀ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲတစ်ကြိမ်ထက်ပိုပေးခဲ့သူများကို သထုံခရိုင်ရွေးကောက်ပွဲကော်မရှင်က တရားလိုပြုလုပ်၍ ဇင်းကျိုက်မြို့မ ရဲစခန်းတွင် အရပ်သား၈ဦးကို တရားစွဲထားကြောင်း သိရသည်။

သထုံခရိုင် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသက်နိုင်ဦးက "ကျွန်တော်တို့တရားစွဲဆိုထားတယ်ဆိုတာ မှန်ပါတယ်။ ဘယ်နှစ်ဦးတရားစွဲထားလဲ။ ဘယ်သူတွေလဲဆိုတာတော့ ပြောခွင့်မရှိပါဘူး။ကျ န်တာတွေကိုလည်း ဆက်လက်စစ်ဆေးပြီးအရေးယူသွားဦးပါမယ်"ဟု ဆိုသည်။

တစ်ကြိမ်ထက်ပိုပေးခဲ့သူများအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၇၁(စ) ၊၁၇၁ (ဆ)တို့အရ အမှုဖွင့်အရေးယူထားသည်ဟု သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်က ဇင်းကျိုက်ရဲစခန်းမှ သိရသည်။

ဇင်းကျိုက်နယ်မြေနှင့် ပေါင်မြို့မရဲစခန်းအပိုင် ရပ်ကွက် ကျေးရွာများမှ ဒေသခံ ၈ ဦးကို တရားစွဲထားခြင်းဖြစ်ကြောင်း ရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“၈ ဦးတရားစွဲခံထားရပါတယ်။ လောလောဆယ်မှာကျွန်တော်တို့ ချုပ်ထားတာမျိုးမရှိပါဘူး။ သူတို့ကိုစစ်နေပါတယ်။ကျန်တာကိုတော့ ရဲလုပ်ထုံးလုပ်နည်းအရပဲဆက်လက်လုပ်ဆောင်သွားပါမယ်။ သူတို့ရဲ့ အချက်အလက်တွေကိုလည်း ပြောပြလို့မရသေးပါဘူး”ဟု ဇင်းကျိုက်မြို့မရဲစခန်းမှ ရဲအုပ်ဦးတင်မောင်ဆွေက ဆိုသည်။

အလားတူ မန္တလေးတိုင်း အမရပူရမြို့နယ်တွင်လည်း မဲနှစ်ကြိမ်ပေးခဲ့သည်ဟုဆိုကာ အရပ်သားနှစ်ဦးကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်က တရားလိုပြုလုပ်ပြီးအမှုဖွင့်ထားကြောင်း သိရသည်။

သို့ရာတွင် ရွေးကောက်ပွဲတွင် တစ်ကြိမ်ထက်ပို၍  ဆန္ဒမဲပေးခဲ့သူများကို သက်ဆိုင်ရာ တရားရုံးများတွင် တရားစွဲဆိုရန် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၂ ရက်စွဲဖြင့် ညွှန်ကြားစာ လူမှုကွန်ရက်စာမျက်နှာတွင် ထွက်ပေါ်ခဲ့သော်လည်း မြို့နယ်ကော်မရှင်ရုံးများက ၎င်းတို့ကို တိုက်ရိုက်ညွှန်ကြားမှုမရှိကြောင်း ငြင်းဆိုခဲ့သည်။

ရာဇသတ်ကြီး ပုဒ်မ ၁၇၁-ဃ တွင် ရွေးကောက်ပွဲတွင် မဲတစ်ကြိမ်ပေးပြီးဖြစ်လျက် အခြားသူမဲပေးခြင်းကို အားပေးကူညီလျှင်၊ ထိုသို့ မဲပေးခြင်းကို ဖြစ်မြောက်စေလျှင်၊ ထိုသို့ ဖြစ်မြောက်စေရန် အားထုတ်လျှင် ထိုသူသည် ရွေးကောက်ပွဲတွင် သူတစ်ပါးအယောင်ဆောင်မှုကို ကျူးလွန်ခြင်းဖြစ်သည်ဟု ပြဋ္ဌာန်း ထားပြီး  ရာဇသတ်ကြီး ပုဒ်မ ၁၇၁-စ တွင် ယင်းသို့ကျူးလွန်သူကို တစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း ကော်မရှင်၏ ညွှန်ကြားစာတွင် ဖော်ပြပါရှိသည်။

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...