ရခိုင်နှင့်ဧရာဝတီကို ဆက်သွယ်မည့် ဂွချောင်းတံတားတည်ဆောက်ပြီးသလောက်ဖြစ်

ရခိုင်နှင့်ဧရာဝတီကို ဆက်သွယ်မည့် ဂွချောင်းတံတားတည်ဆောက်ပြီးသလောက်ဖြစ်
ဂွချောင်းတံတားတည်ဆောက်နေမှုအား ဒီဇင်ဘာ ၃၁ ရက်က တွေ့ရစဉ်။
ဂွချောင်းတံတားတည်ဆောက်နေမှုအား ဒီဇင်ဘာ ၃၁ ရက်က တွေ့ရစဉ်။

ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးကို ဆက်သွယ်တည်ဆောက်လျက်ရှိသော ဂွချောင်းတံတားတည်ဆောက်မှု ၉၆ ရာခိုင်နှုန်းရှိပြီသည့်အတွက် ပြီးသလောက်ဖြစ်နေကြောင်း သိရသည်။

အဆိုပါတံတားကို လာမည့်ဖေဖော်ဝါရီလအတွင်း တည်ဆောက်ပြီးစီးမည်ဖြစ်ပြီး တံတားချဉ်းကပ်လမ်းလုပ်ရန်ကျန်နေသေးသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၈)မှ ဒုတိယညွန်ကြားရေးမှူး (မြို့ပြ) ဦးကျော်သူရက နိရဥ္စရာကို ပြောသည်။

“တံတားလက်ရှိက ပြီးသလောက်ဖြစ်နေပါပြီ။ ပြီးသွားရင်တော့ ဒေသကလူတွေအတွက် အကျိုးပြုနိုင်မယ်ထင်ပါတယ်။ ဒါပေမယ့် ချဉ်းကပ်လမ်းလုပ်ဖို့ကျတော့ ပြည်နယ်ရန်ပုံငွေကပါမလာသေးဘူးဖြစ်နေတယ်”ဟု ပြောသည်။

ဂွချောင်းတံတားကို ဂွမြို့နယ်ရှိ ဂွ-ကျောက်ချွန်လမ်းပေါ်မှတဆင့် ဧရာဝတီတိုင်းဒေသကြီးရှိ ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ မြောက်ပိုင်းသို့ ဆက်သွယ်တည်ဆောက်နေခြင်းဖြစ်သည်။

တံတားတည်ဆောက်ပြီးစီးပါက ဂွမြို့တစ်ဘက်တစ်ကမ်းရှိ ကမ်းခြေရွာများအပါအဝင် ဧရာဝတီကမ်းခြေတစ်လျှောက်ရှိကျေးရွာများသို့ ဂွချောင်းတံတားမှတဆင့် အလွယ်တကူဖြတ်သန်းသွားလာနိုင်တော့မည်ဖြစ်၍ ရခိုင်၊ ဧရာဝတီနှင့် ရန်ကုန်မှပြည်သူများအတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများနှင့် ဒေသအတွင်းခရီးသွားလုပ်ငန်းများလည်း ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဟု ဦးကျော်သူရက ဆက်ပြောသည်။

ဂွမြို့နယ် ချင်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်စိုးကလည်း ဂွမြို့မှ ဧရာဝတီဘက်သို့သွားလျှင် ရေကြောင်းခရီးဖြင့်သာသွားလာနေရ၍ ဂွချောင်းတံတားတည်ဆောက်ပြီးစီးပါက ပြည်သူများအတွက် လွန်စွာအဆင်ပြေမည်ဟု ပြောသည်။

“ဂွကနေ ဧရာဝတီကိုသွားရင် ရေလမ်းကနေသွားရတယ်။ အခု တံတားရှိတယ်ဆိုတော့ ပြည်သူတွေအတွက် အဆင်ပြေတာပေါ့”ဟု ပြောသည်။

သံကူကွန်ရစ်အမျိုးအစား အရှည်ပေ ၁,၃၉၈ ပေနှင့် ၉ လက်မ ရှိပြီး ကျပ်သန်းပေါင်း ၈,၉ဝဝ (လမ်း+တံတား)ဖြင့် ၂ဝ၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်တွင် အဆိုပါတံတားစတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...