ရက္ခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အချာအာဏာကျဆုံးခြင်း အမ်းမြို့နယ်တွင် ပြုလုပ်

ရက္ခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အချာအာဏာကျဆုံးခြင်း အမ်းမြို့နယ်တွင် ပြုလုပ်

၂၃၇ နှစ်မြောက် ရက္ခိုင့်အချုပ်ခြာအာဏာ ကျဆုံးခြင်းအထိမ်းအမှတ်အောက်မေ့ဖွယ် ဆီမီးထွန်းပွဲကို ရခိုင်ပြည်နယ် အမ်းမြို့နယ် လင်ပန်းကျကျေးရွာတွင် ပြုလုပ်ခဲ့သည်။

ဒီဇင်ဘာ ၃၁ ရက်နေ့တွင်ကျရောက်သည့် ရက္ခိုင်ဘုရင့်နိုင်ငံတော် အချုပ်ချာအာဏာကျဆုံးခြင်းနေ့ကို အမ်းမြို့နယ်မှ လင်ပန်းကျကျေးရွာ လူမှုဘက်စုံဖွံ့ဖြိုးရေးအသင်း၊ အပျိုလူပျိုအဖွဲ့နှင့် မေတ္တာရှင်လူမှုအဖွဲ့တို့က ပူးပေါင်းပြီး ပန်းချီဆွဲပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် တိမ်ကောနေပြီဖြစ်သည့် ရခိုင်ရိုးရာကစားနည်းများကို ပြန်လည်ဖော်ထုတ်သည့်အနေနှင့် ကျင်းပခဲ့ကြောင်း သိရသည်။

ညနေပိုင်းတွင် ရက္ခိုင့်အချုပ်ခြာအာဏာကျဆုံးခြင်းနှင့်ပတ်သက်သော ဟောပြောပွဲ ပြုလုပ်ခဲ့ကြပြီး လူထောင်နှင့်ချီ၍ ဝမ်းနည်းခြင်းအထိမ်းအမှတ် ဆီမီးများထွန်းညှိကိုင်ဆောင်ကာ ဆုတောင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

အလားတူ ရက္ခိုင့်အချုပ်ခြာအာဏာကျဆုံးခြင်းဝမ်းနည်းအောက်မေ့ဖွယ်နေ့အခမ်းအနားကို ရခိုင်ပြည်နယ်အတွင်း အမ်းမြို့နယ်အပါအဝင် ကျောက်ဖြူ၊ စစ်တွေ၊ မောင်တော နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နတ်မြစ်ကမ်းခြေ မြစ်နားရွာတွင်လည်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...